အပိုင်း ၁၇

53.6K 4.8K 202
                                    

မနေ့ညနေက ရွာဈေးအတူသွားရန် ၊ မရောက်ဖူးလျှင် ရွာဈေးကအတော်လေး မျက်စိလည်တက်သည်ဟု အရီးခင်မြင့်က ပြောထားသည်ကြောင့် ယနေ့ မနက်ခင်းပိုင်းမှာ မြတ်ကြည် အစောထရသည်။ အစောဆို ရွာဈေးဟူသည် မနက် ၅နာရီလောက်ကတည်းက အသည်စုံအမယ်စုံနေကြပြီမဟုတ်ပါလား..။ မနက်ခင်းဆို စောစောမထတက်သည့် ဤကြောင်ပေါက်ကလေးအတွက်ကတော့ တော်တော့ကို မောင်းတင်၍ ချိန်ယူနေရသည်သာ..

နွရောသီဦးကာလရဲ့ နံနက် ငါးနာရီဆိုသော အချိန်ကား မှောင်ရိပ်အနည်းငယ်သန်းပေမဲ့ မကြာခင်အချိန်တွင်း နေရောင်ခြည်ပြာလဲ့လဲ့ကိုပင် မြင်ရတော့မည်မဟုတ်လား ...

ကုတင်ပေါ်တွင်တော့   အိပ်စက်အနားယူနေသည့် မြို့အုပ်မှာလည်း လက်ကိုပိုက်၍ အိပ်မြဲသာ..အနေနီးသည်ကြောင့် သူ့အကျင့် အမူအယာနှင့် ကြိုက်တာမကြိုက်တာကအစ ခပ်ဖြေးဖြေးနှင့် မသိမသာပင် ရင်းနှီးလာစေသည်။ ဘိတ်သိပ်သွန်းပွဲရက်အပြီးမှစလို့ယခုဆိုလျှင် အကြင်လင်မယားမြောက်သည်မှာ တစ်လကျော်ကျော်...

ကျွီ!

မြတ်ကြည် စောသိုက်ခေတ်ဆီမှ အာရုံလွှဲခါ ကုတင်ပေါ်မှ ခြေချရုံဆင်းတော့ ကျွီခနဲမြည်သွားသည့် ကုတင်ခြေတိုင်မှ အသံ.. အအိပ်ဆက်သူ စောသိုက်ခေတ်က မြတ်ကြည်ဘက် ခေါင်းထောင်ကြည့်လာလေသည်။

"အို နိုးသွားပြီဘဲ " ဟူသည့် မြတ်ကြည်၏ တီးတိုးရေရွတ်သံ!

"ဘယ်လဲ..!"

တံခါးဖွင့်ထားသည့် ပြူတင်းပေါက်ဘက် တစ်ချက်ကြည့်ခါ စောသိုက်ခေတ်က ဤသို့ဆိုလာတော့ မြတ်ကြည် ဖားလျားကျနေသည့် ဆံပင်စတွေကို ခပ်လျော့လျော့ပင် တစ်ပတ်လျှိုရစ်ပတ်လို့ ပြန်ဖြေသည်။

"ဟင်းရွက်ဝယ်ဖို့ အရီးခင်မြင့်နဲ့အတူ ရွာဈေးထဲသွားမှာ.."

ထိုအခါမှ စောသိုက်ခေတ် သူ့ခေါင်းကို ခေါင်းအုံးပေါ်ပြန်ချခါ မျက်စိကိုမှိတ်ထားရင် ဤသို့ဆိုသည်။ " ဟိုးက လှန်းထားတဲ့ ကျုပ်ရဲ့ တိုက်ပုံအိတ်ထောင့်နားမယ် ငွေစတချို့ယူသွားချည်... မင်းမှာ ပိုက်ဆံ မရှိဘူးမှလား.."

ပင့်တက်သွားသော မျက်ခုံးတို့က ဘယ်လိုမှပြန်ဆွဲ၍ချမရပြုမရ ။ ညားလာခဲ့သည့် ကာလပတ်လုံး စောသိုက်ခေတ်က သူ့ပိုက်ဆံမပြောနှင့် ပရိဘောဂ ပစ္စည်းတွေကို သေးသေးလေးတောင်ထိတာမကြိုက်.. ။ ယခုများ ဘယ်နှယ့်စိတ်ကူးတွေ လွှတ်ကောင်းနေသတုန်း..။ ပေးခဲသည်မို့ ဧကန်မုချ စိတ်ကူးမလွဲခင် မြတ်ကြည် အမြင်ကပ်ကပ်နှင့် ငွေစခပ်များများကိုတစ်ခါထဲနှိုက်ပစ်လိုက်၏။ အဲ့ပိုက်ဆံတွေနဲ့ ရွာဈေးထဲပတ်ပြီး သရေစာတွေအကြိုက်ဝယ်စားပစ်အုံးမည် ဆိုသည့် ဉာဏ်နီညာဏ်နက်ကလေးနှင့်ပေါ့.. အဲ့နောက်မှာတော့ မျက်နှာသစ်ရန် အောက်ဆင်းလာခဲ့တော့သည်။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now