အပိုင်း ၁၁.၁

56.6K 4.8K 54
                                    

မြတ်ကြည်ဟူသော အနှီမိန်းမငယ်လေးဟာ အိပ်အခင်းဖြူလွှလွှခင်းကျင်းထားသော ကုတင်ထက်ဝယ် နှစ်ခြိုက်စွာပင် အိပ်ပျော်နေလေရဲ့...

သမားတော်ရဲ့ ပြောကြားချက်အရတော့ ဒီရက်ပိုင်းအတွင်း ပင်ပန်းစရာကိစ္စတစ်ခုခု ကြုံကြိုက်ခဲ့လို့ မူးလဲသွားကြောင်း ဟုသာ ပြောကြားခဲ့ပြီး မြန်မာ တိုင်းရင်းဆေး တချို့ကိုပေးပြီး ခြေလျှင်ပြန်သည်။ စောသိုက်ခေတ်မှာ ကုတင်ဘေးက စားပွဲနှင့်တွဲလျက်ဖြစ်သည့် ကျွန်းကုလားထိုင်အား ဆွဲယူခါ အသာထိုင်၏။ ထို့နောက် အိပ်ပျော်နေသည့် မြတ်ကြည်ကို ခပ်စူးစူးတစ်ချက် ကြည့်မိသည်။

ဤမိန်းမငယ်ဟာ ဖြတ်ထိုးဉာဏ်ကောင်းပြီး သွက်လက်ချက်ချာနေသူဖြစ်တာကြောင့် စောသိုက်ခေတ် သူမကို ကြည့်ရင်းပင် မဲ့ပြုံးကလေးဆင်မြန်းလိုက်၏..။ သူမဟာ ဘမြိုင်ရဲ့ အစေအပါးလက်သုံးတော်ဖြစ်သူဟုယူဆရပြီး ပါလီပါချက် အစီစဉ်ဇယားအောက်တွင် အခကြေးငွေယူခါ သခင်ဘမြိုင်ဟု ဤနှုတ်ခမ်းဖူးဖူးမှ ညည်းညူ၍ပင် ခေါ်ဆိုဖူးမှာ အသေချာအတိ။ ဘမြိုင်ဟူသည်ကလည်း မိန်းမမြင် ကမ်းကမ်းတက်သည့် ယောက်ျားပျို...။အခြားယောက်ျားတစ်ဦးအား ရက်ရက်ရောရော ကမ်းလင့်ပေးထားသည့် သူမကိုယ်ကို အဘယ်စိတ်နှင့်များ လက်ခံပေးရမည်နည်း။

နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် သူ့ဇနီးမယား အမည်ခံ မိန်းကလေးအား ရွံရှာခြင်းအတိရှိသော မျက်ဝန်းတို့ဖြင့်ကြည့်ခါ နှလုံးသားမှစလို့ အမုန်းစိတ်သည် သန္ဓတေည်ခဲ့ပြီ..။

"အမိငယ်ရယ် စိတ်ကြိုက်ပေးဆော့ထားလို့ လွတ်လပ်လှပြီမထင်နဲ့အုံးပေါ့.. "

..........................

"ဂျက်စတင်...မြို့တွင်း လှုပ်ရှားသောင်းကျန်းနေတဲ့ လူထုအဖွဲ့အစည်းရဲ့ခေါင်းဆောင် ဥဒေါင်းရဲ့ သတင်း ဘာထူးသေးလဲ.."

နံရံတစ်ဖတ်ရှိ နယ်ချဲ့တို့ စိုက်ထူထားသော အင်္ဂလန်အလံကြီးအောက်ခြေနားရှိ ခမ်းနားတင့်တယ်ပြီးလှပသော အနက်ရောင်ကျွန်းစားပွဲကြီးရှေ့၌ ထိုင်နေသော ဗိုလ်ကြီး အာဒန်မင်က ဤသို့မေးလျှင် အချက်အလက်တင်ပြရသည့် ဆက်သွယ်ရေး တပ်သားက လေးစားသည့်အမူအရာကိုပြခါ အဖြေပြန်ပေးသည်။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now