အပိုင်း ၂၄

48.4K 4.2K 150
                                    

"ဘုန်းကြီးကျောင်းထဲရောက်နေပြီလေ ဖိနပ်မချွတ်သေးဘူးလား.."

မော့ကြည့်၍ပြောလာသော မြတ်ကြည်ရဲ့ မျက်ဝန်းတွေဟာနေရောင်အောက်မှာ တဖြက်ဖြက် လှုပ်ခါလို့ အရည်ကြည်လဲ့နေပြန်သည်။ ထိုမျက်ဝန်းတွေသည် သိပ်ကို စူးရှထက်မြက်နေလွန်းတော့လည်း ဒီလူကြမ်းရဲ့ နှလုံးသားဟာ အရည်ပျော်ကြကုန်ပါပြီလေ..။

"မောင်...!..."

"ဪ အင်း အင်း.. မောင် ဖိနပ်ချွတ်မှာပါ.."

ထိုအခါ မြတ်ကြည်က စောသိုက်ခေတ် ချွတ်လိုက်တဲ့ အနက်ရောင်ကတီပါဖိနပ်တစ်ရံကို လက်မှာဆွဲချိတ်လိုက်သည်။

"မြတ်ကြည်ကိုင်ပေးမယ်..."
ကောင်ငယ်လေးပြုံးလိုက်သော အပြုံးကလေးတွေသည် လေပြည်ညှင်းနှင့်အတူ သိပ်ကို လက်ဆက်လွန်းလှသည်။

ဘုရားပွဲအတွက် ပြင်ဆင်နေကြသော လူငယ်များသည် ဘုရားဝေယာဝိစ္စပစ္စည်းများကိုပင် ဘုရားအတွင်း ကူသယ်ရွှေ့လို့... ထိုသို့ ရှုတ်ရှပ်ခက်နေသော မြင်ကွင်းအတွင်းထဲမှနေခါမူ စောသိုက်ခတ်ရင်းနှီးနေပါသော မျက်နှာ တစ်ခုအား တွေ့လိုက်ရသည်။ ထိုမျက်နှာပိုင်ရှင်သည် သူ့အား အလွန်အမင်း စိတ်ရှုတ်သွားစေသည်။

ဒီကောင်!

မြင်လိုက်ရသည့် မျက်နှာနုနုသည် ခါတိုင်းမြင်နေကျပုံစံ မဟုတ်ပါဘဲ ပုဆိုးနှင့်ရှပ်တစ်ထည်ရယ် ပုံမှန်မဟုတ်တဲ့ ဘေးခွဲ,ဆီဖိဆံပင်တွေရယ်...! နဂိုကတည်းကအရပ်ရှည်သူဖြစ်သည်ကြောင့် လူအများအတွင်း ပေါ်ပေါ်ထင်ထင်အနေအထားနှင့်ပင် စောသိုက်ခေတ်တို့ရှိရာအနား လျှောက်လှမ်းလာလေသည်။

"အကိုကြီးဗျ..မတွေ့သည်မှာ ကြာရောပေါ့.."

နှုတ်ဆက်ဟန်ပြုလာနေသည့် ငမိုက်သားက ကျားဂူရှေ့ရောက်လာပုံထောက် အတော်ကလေး အရဲစွန့်လာရမည့်ပုံ...

"ကျုပ်ကို အတော်ကလေး လွမ်းနေတယ်ထင်ပါရဲ့ အဘယ်တုန်းကများ ရောက်သလဲ.."

"ဟားဟား.."

ထိုအခါ ချောမောလှပလွန်းသည့် သူ့မျက်နှာအား အသုံးချလို့ ခပ်လွင်လွင်ကလေးရယ်၏..။အသံသရုပ်ဆောင်ဖြစ်တလည်း ရေကိုဟန်အမည်အရ ပိုစတာတို့ဓာတ်ပြားတို့တွင်တေးသံသာ သီချင်းများ၏ဖန်တီးရှင်ကြောင့် များစွာတံဆိပ်ရိုက်ထုပ်ဝေရသည့် ပုံတူတွေဟာ ဤမျက်နှာချောချောအားအသုံးချခါ ထုပ်မလောက်ဖြစ်ခဲ့ရသည်။ အသံကား ကောင်းသလားဆိုတော့လည်း ကောင်းသည်ထဲမပါပေ။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now