🥳Answer to secrets🥳

22.5K 1.6K 229
                                    

လျှို့ဝှက်ချက်တွေကို သိချင်နေကြပြီလား
သိချင်နေကြသူများ အတွက် မကြာမီ လာမည်နော် ....။ ခန့်မှန်းထားတာတွေကရော မှန်ကြပြီလို့ ထင်ပါသလား။ ကဲ မVရဲ့ ခရမ်းရောင်အလုံးလေးတွေရေ ဘယ်နှခု မှန်ထားသလဲ ကြည့်ကြည့်ရအောင်လား🥰

.
.
.
.
.
.
.
.

အချက်၁

ဒီအတိုင်းသဘောကျလို့...

First seen love ဆိုတာမျိုးပါ။ မြို့အုပ်က မြတ်ကြည်ရဲ့ ဓါတ်ပုံကြောင့် အချိန်အများကြီးမပေးရဘဲ စက္ကန့်ပိုင်းအတွင်း ရင်ခုန်ခဲ့ရတယ်ဆိုရင်ရော....! အချစ်က ပုံစံအမျိုးမျိုးနဲ့လာတယ်နော်...။ ဒီကြားထဲ မြို့အုပ်မင်း မြတ်ကြည်အပေါ်ရန်လိုနေခဲ့တဲ့အကြောင်းအရင်းက သရုပ်ဆောင်တာ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေခဲ့တာ။ ဘာလို့ဆိုတော့ ဓါတ်ပုံက တမင်မှားပါလာမှန်း သူရိပ်မိနေခဲ့လို့ မြတ်ကြည်နဲ့ ရန်ဖြစ်သမျှ အကုန် one man show သပ်သပ်သာလုပ်နေခဲ့တာပါ။

ကဲ ရှင်တို့ အုပ်ကြီးကတော့ ရှယ်ပလမ်နဲ့ ပြိုင်ဘက်ကင်း ဝါရင့်သရုပ်ကြီးတစ်ဉီးပါ။

×××××××××

အချက်၂

ထောင်ကျတာ...

မြတ်ကြည်အမေထောင်ကျတာက ကိုမြသိန်းလက်ချက်ပါ။ ဘာလို့ဆိုတော့ မြသိန်းက မြတ်ကြည်ကို မပိုင်ဆိုင်ရလို့ တမင်ဘေးလူတွေအပေါ်အပြစ်ပုံချပြီး သူ့ဒေါသတွေကိုဖြေချခဲ့တာပါ။မြသိန်းဟာ နဂိုကတည်းက မြတ်ကြည်ရဲ့အမေကိုမုန်းပါတယ်။

ကဲကဲ ကိုမြသိန်းရဲ့ ရက်စက်ယုတ်မာမှုတွေက်ု ဆက်လက်ရှုစားကြပါ...

××××××××

အချက် ၃

ပြူတင်းပေါက်ကနေခိုးနမ်းခဲ့တဲ့ စတော့ကာ...

ရှင်တို့ထင်တဲ့အတိုင်း အမောင်ခေတ်ပါဘဲ🤣 ပြီးတော့ ကားပေါ်ကနေလိုက်ချောင်းကြည့်နေတာလည်း သူပါဘဲ။ နဂိုကတည်းက မြတ်ကြည်ကို အများကြီးထက်ပိုအောင် သူ့ဘက်ကအရင်စပြီး ယောက်ျားလေးဖြစ်မှန်းသိသိရက်နဲ့ ချစ်ခဲ့မိလို့ပါ။ဒါပါဘဲ။

(စာကြွင်း - အစက မြသိန်းလို့ရေးသားခဲ့ပါတယ် အဲ့ခိုးနမ်းတဲ့အခန်းမှာ အစကတည်းက စဉ်းစားပြီးရေးခဲ့တာ အမောင်ခေတ်ပေါ့နော် ။But မြသိန်းဆိုပြီးပြင်ရေးခဲ့တာ အခုတော့ စိတ်မသန့်တော့တာနဲ့ အမောင်ခေတ်လို့ ပြန်ပြင်ခဲ့ပါတယ် )

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now