အပိုင်း ၂၆

45.4K 3.8K 43
                                    

အာရုံမတက်မှီ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံမကြားခင် အစောကစလို့ စောသိုက်ခေတ်နှင့်မြတ်ကြည်တို့ မြစ်ဆိပ်သို့ အထုတ်အပိုးဆွဲခါ နွားလှည်းဖြင့်ထွက်လာခဲ့လေသည်။ မြတ်ကြည်မှာ သူ့အနောက်ကနေလို့ အထုတ်သေးသေးလေးတစ်ထုတ်ဆွဲခါ လိုက်ရလေသည်။ ရွာလူကြီးဦးသာအေးတို့လင်မယားက လိုက်ပို့မယ်ကြီး တဂဲဂဲဖြစ်နေသည်ကြောင့် သေချာနားချခဲ့ရသေးသည်။ လူအများကြီးနှင့်ရုတ်ရုတ်သဲသဲမဖြစ်စေလိုတာကြောင့် မြတ်ကြည်နှင့်သာ အတူထွက်လာမိခဲ့သည်။ သို့သော်အပြန်ကျ အဖော်မပါဘဲဖြစ်နေမည်ဆိုးတာကြောင့် စေလုံ့ကိုအဖော်အဖြစ်လိုက်စေသည်။

သင်္ဘော သည် မနက်၆နာရီဆိုတာနှင့် ရန်ကုန်ဘက်ထွက်မည်ဖြစ်တာကြောင့် သူတို့လိုပင် ရန်ကုန်နှင့် ၎င်းနီးစပ်ရာမြို့များသို့သွားမည့် ခရီးသည်များက မှောင်ရီတရောကပင် ဤဧရာဝတီမြစ်ကျောကြီးအား အမှီသဟဲပြုထားသည့် မြစ်ဆိပ်ဂိတ်ဝ၌ လှုပ်လီလှုပ်လဲ့ဖြင့် လှုပ်ရှားသွားလာနေကြသည်။

မြစ်ကျော၏ လှိုင်းပုတ်သံ ခပ်လွင်လွင်ကား ဒီရေကျချိန်ကျချိန်မို့ အနည်းငယ် လှုပ်ရှားနေကြသည်။ သိပ်မကြာခင်အတွင်း လင်းလက်လာဟန် ကောင်းကင်ပြာလဲ့လဲ့ကြောင့် မြစ်ကျောကြီး၏ ကြေးမုံမျက်နှာပြင်အသွင်ရှိသည့် ရေတွေမှာ ၎င်းနည်းတူပင် ရောင်ပြန်ဟပ်လျှက်ရှိသည်။

အိပ်တန်းတက်နေသည့် ငှက်ကလေးတွေဟာ လင်းလက်လာနေသည့် ကောင်းကင်ပြာကြောင့် အစာရှာထွက်ရန်ပင် အုပ်စုဖွဲလို့ ဟိုသည်တစ်ဆပျံလွှားနေကြပေသည်။ အထူးသဖြင့် မကြာခင်အတွင်း ပွဲဆူလာတော့မည့် ဇင်ယော်ငှက်တွေ..ဒီကောင်တွေဟာ သိပ်ဆိုးသွမ်းတာ... သင်္ဘောတစ်လျှောက်ခို ကပ်၍လိုက်လံပျံသန်းလာတက်ပြီး ခရီးသည်တွေဆီကနေ အစာတောင်းရန်းနေသည်မှာ မြင်၍မကောင်း.. တချို့ကောင်တွေဆို အလစ်သုတ်သမားတွေထက်တောင် ကျွမ်းကျင်ပိုင်နိုင်စွာ ခရီးသည်တွေလက်ထဲက မုန့်တွေကိုပင် သုတ်ချီတင်ကြတာ..။ သင်္ဘောပေါ် စားသောက်ခြင်းတော့ အထူးသတိပြုပေါ့...

မြတ်ကြည်ရဲ့အကြည့်တွေက ပြာလဲ့နေသောကောင်ကင်ကို ငေးစိုက်ကြည့်လို့ လက်နှစ်ဖတ်ကိုပင် ပိုက်ထားသေးသည်။ လေပြေတွေသည် အဆက်မပျက်တိုက်ခက်နေသောကြောင့် တလူလူလွင့်နေသော မြတ်ကြည်၏လည်တိုင်ပေါ်က လည်ပတ် ပုဝါပါးစလေးက အရိုင်းဆန်စွာ ဘိုသီဘက်သီကလေး လွင့်စင်နေကြသည်။ တစ်လွှာသိမ်း စည်းနှောင်ထားသော ဆံနွယ်တွေသည်ပင် တိုက်လေကြောင့် အနှီမျက်နှာနုနုပေါ် ယိမ်းထိုးနေကြပြန်၏။ ယဉ်စွာဝတ်ထားသည့် လက်ရှည် ရင်ဖုံးအက်ျီအနီကလေးသည် အနီလှိုင်းပါ လုံချည်အနက်ရောင်နှင့် လိုက်ဖတ်ညီစွာ ပါးလျှပ်လျှပ်ကိုယ်ကလေးပေါ် နေရာအပြည့်ယူထားကြသည်။ ခုံမြင့်ဟုယူစ၍ရသော လက်နှစ်လုံးစာအထူ အနီရင့်ရင့် ကတီပါဖိနပ်ကလေးက တိတိရိရိ ညီညီညာညာရှိသည့် ဖောင်းကြွနေသော ခြေချောင်းတိုတိုလေးတွေကို ထိခိုက်ရှနာ မဖြစ်စေလိုသည်ကြောင့် ကာကွယ်ပေးထားလေရဲ့...

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now