အပိုင်း ၄၆

39.6K 3.9K 19
                                    

Zaw....

မွေ့ရာနီနီအား ခင်းကျင်းထားသည့် ကုတင်ထက်၌ ပျော့ခွေခွေကလေး လဲလျောင်းမေ့မျောနေသည့် မြတ်ကြည်အားကြည့်ခါ စောသိုက်ခေတ် ရင်ထဲ နေထိုင်မကောင်းလှပါချေ။ ဆံနွယ်အိအိများအား နှဖူးပေါ်မှ သပ်တင်ပေးလိုက်ရင်း လက်ဖဝါးနွေးနွေးအား သူ၏ လက်ဝါးကြီးများနှင့် ဆုပ်ထွေးကိုင်လိုက်နှင့် သက်ပြင်းတချချရှိလှသည်။

ဘိုးနှင့်စေလုံမှာ အရေးပေါ်ကုသဆောင်အတွင်းတည်ရှိနေပြီဖြစ်ပြီး ဘိုးသည် အဓိကအစိတ်အပိုင်းများ ဘာတစ်ခုမျှကြီးကြီးမားမားထိခိုက်မိသွားခြင်းမရှိသည်အား အလွန်ပင် ကျေးဇူးတင်ရမည်ဖြစ်သည်။ စေလုံမှာ ယခုထိပင် သတိလစ်မေ့မျောနေခြင်းဖြစ်ပြီး အနည်းငယ်တော့ စိုးရိမ်ရပါ၏။ ထို့ကြောင့် ထနောင်းရွာရှိ မိသားစုဝင်တွေများအား ခေါ်ယူထားပြီးဖြစ်သည်။

ယခု မွေ့ရာနီနီထက်တွင် မေ့မျောနေသည်သည့် စောသိုက်ခေတ်၏ ဇနီးမယားဖြစ်တလည်း မြတ်ကြည်ဟာ တခါမှမကြုံဖူးသေးပါသည့် စစ်ကြောင်းရေးထဲရောက်ရှိထားခဲ့သည့်အရှိန်ကြောင့်ရော လန့်ပြီး အဖျားတက်ခါ ယခုထိပင်ပြန်လည်နိုးမလာသေးချေ။ တနေ့လုံး တစ်ညလုံး ဗြိတိသျှများနှင့် တိုက်ခိုက်ထားသည့် အရှိန်ကြောင့် စောသိုက်ခေတ်၏ ကိုယ်က အားမရှိလှပေ။ ထိုင်ခုံပေါ်ထိုင်ရင်းနှင့်ပင် တစ်ချက်တစ်ချက် ယိုင်လဲကျချင်နေပြီ။

ပူနွေးနေပြီဖြစ်သော မြတ်ကြည်နှဖူးပေါ်က ရေစိုဝတ်ကို ရေအသစ်ထပ်စွပ်ရန် လှမ်းယူခါ ဘေးရှိ ရေဇလုံထဲမှ ရေအသစ်နှင့်အတူ ရေစွပ်၍ညှစ်ချသည်။ ရေပြောင်စင်နေအောင် တစ်ချက်ခါချပြီးမှ ဖျော့တော့တော့မျက်နှာရှိသည့် မြတ်ကြည်၏ နှဖူးပေါ် ရေပတ်လွှားလိုက်သည်။

"ဒေါက် ဒေါက် ဒေါက်.."

အခန်းတံခါးခေါက်သံကြောင့် စောသိုက်ခေတ်လှည့်ကြည့်လိုက်စဉ် ရှမ်းဘောင်းဘီကြိုးချည်နှင့် ရှမ်းအင်္ကျီကိုဝတ်ဆင်ထားခါ ဆံနွယ်တွေကိုကျစ်ဆံမြှီးကျစ်ထားသည့် နူးရယ်အား ဗန်းငယ်တစ်ခုနှင့်အတူတွေ့လိုက်ရသည်။

"မြို့အုပ်မင်း...မနေ့ကလည်း တနေ့လုံးဘာမှမစားရသေးဘူးမှလား..ဒီမှာ ကြီးဆွေက ဆန်ပြုတ်ပူပူလေး ယူသွားခိုင်းလို့..."

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now