အပိုင်း ၁၅

58.8K 4.8K 107
                                    

မြတ်ကြည်တယောက် ဆူဆူဆောင့်ဆောင့်ဖြင့်ပင် အိမ်ပေါ်တက်သွားခဲ့ပြီဖြစ်၏..။ ခြေတံရှည်ဖြစ်တလဲ အိမ်ကြောင့် ခြေနင်းချရာ ကြမ်းပြင်နေရာတိုင်းသည် တဒုန်းဒုန်း တဒိုင်းဒိုင်း...။

အိမ်အောက်က အလုပ်စားပွဲဝိုင်း၌ ထိုင်နေကြသည့် လူတွေကတော့ မြို့အုပ်တို့ လင်မယားအကြောင်း နှောကြေစွာ အလွတ်ပင်ရနေပုံ... ရွာကိုပင် စ၍ရောက်ကတည်းက သတ်လိုက်ပုတ်လိုက်နှင့်...။

"ဟင်း...." ရွာလူကြီးဦးသာအေးကတော့ သက်ပြင်းတစ်ချက်ချမိသည်အထိပင်...။

ရွာလူကြီး ဦးသာအေးသက်ပြင်းလျော့လျော့ချသံကို သတိထားမိသွားဟန်တူသော စောသိုက်ခေတ်က ထိုဝိုင်းရဲ့ အဓိက လိုရင်းကို ပြန်၍အစဖော်ပေး၏။

"ကိုင်း ဆိုပါဦး.. စောစောနကအကြောင်းအရင်းလေး.. ဘယ့်နှယ့်များ စီစဉ်ထားတုန်း မစ္စတာချာလီ..."

ချာလီတယောက် အူကြောင်ကြောင်လေး ခေါင်းကိုဖမ်းကုတ်လိုက်ပြီး နားမလည်ဟန် ပြန်မေးမိသည်..." ဘာကိုဆိုလိုသလဲ မြို့အုပ်မင်းဗျ.."

စောသိုက်ခေတ် ခေါင်းကိုတဆက်ဆက်ညှိမ့်ပြခါ..
"နေဖို့ထိုင်ဖို့ကိစ္စပြောပါရဲ့ သူကြီးအိမ်မယ်လည်း သမီးပျိုနေထိုင်သည်မို့ မသင့်တော် မလျော်ကန်ပေဘူး..ကျုပ်အိမ်မယ် နေထိုင်ဖို့ဆိုသည်ကလည်း ကျုပ်ဇနီးမယားဝယ် ရှိနေလေခြင်းမဟုတ်လား.. အဲ့တော့ မစ္စတာ ချာလီ ဘယ်လိုများ စဉ်းစားထားသလဲ.."

ချာလီက ကြောင်တောင်တောင်အပြုံးလေးနှင့်ပင်..."ဒီရွာမယ် နေစရာ သိပ်ရှားပြီထင်ပါ့.. ချွန်တော့်ကို နေစရာထိုင်အခင်းလေး အဆင်ပြေမယ်ဆိုရင် စီစဉ်ပေးပါ့အုံးခင်ဗျား..."

သူကြီးက ထိုအခါ စကားဝင်ထောက်ပြ၏..။
"မြို့အုပ်မင်းခင်ဗျား ချာလီ့ကို ရွာဦးဘုန်းကြီးကျောင်းမယ် ခဏ တည်းခိုင်းလို့ရမယ်ထင်ပါရဲ့...မြို့အုပ်မင်း သဘောကရော..."

ထိုစကားကိုကြားသည့်အခါ စောသိုက်ခေတ် ခေါင်းညှိမ့်ပြသည်..။ ချာလီ့ဆီ တစ်ချက်အကဲခက်သည့်အနေနှင့် လှမ်းကြည့်တော့လည်း ပုံစံက ဆံပင်နှင့် အက်ျီတွေပေါ်၌ အတော်ကလေး ဖုန်လူးနေပြီဖြစ်ပြီး လူကိုအလိုလို ကြည့်ရတာအရုပ်ဆိုးနေစေသည်။ စိတ်မသန့်တော့သည်မို့ အင်း ဟူသည့်အဖြေသာ ခပ်မြန်မြန် ပြန်ပေးပြီးနောက် ရွာဦးကျောင်းတွင် ဘဘုန်းကို လျှောက်စေပြီး တစ်လကိုးသတင်း နေထိုင်စေသည်။ ဒါက သူ့အတွက် ကာကွယ်ရာလည်းကြသည်။ ကြည့်ပါလား အစောကတောင် ကာမပိုင်ယောက်ျားဖြစ်သူရှေ့ မိန်းမတယောက်ဖြစ်သူကို ကျားစားငါးစား ကြည့်နေပုံများ... ကျုပ်မကြိုက်ပေ..! သူမကိုယ်တိုင်သည်က မိန်းမတယောက်ရယ်လို့လည်း မဟုတ်ပေမဲ့ တရားဝင်လက်ထပ်ပြီးစီးကြောင်း တလောကလုံးသိသည်။

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now