အပိုင်း ၂၇

42K 3.6K 84
                                    

"ရှင်..!.."

မြတ်ကြည်၏ ပြင်းထန်ထန်ထွက်ပေါ်လာသည့် အသံက ကျားနာတကောင်၏ မာန်ဖီသံသကဲ့သို့ ... ။ မျက်လုံးဝိုင်းဝိုင်းတို့ကပါ ပြူးကျယ်နေပြီး လက်သီးစုတ်ကလေးက တင်းဆုတ်ထားသည်မှာ တုန်ယင်လျှက်ရှိသည်။

သူ့အရှေ့က စားပွဲဝိုင်းမှာထိုင်နေသော လူသားငယ်ကတော့ ပြုံးစစနှင့်ပင် ဆေးပေါ့လိပ်အား မီးညှိလို့ တစ်ချက်ရှိုက်ဖွာပစ်လိုက်သည်။ စကားသံတွေ တိတ်ဆိတ်ပြီးအကြာမှာ ရေကိုဟန်ဟုအမည်ရသော ဘမြိုင်ထံမှ စကားတစ်ခွန်းသည် ပြန်၍ အစချီလိုက်သည်။

"ဘယ့်နှယ့် မင်းယောက်ျားမြို့အုပ်မင်းသိသွားလို့ကတော့ မင်းသေချာပေါက် အိမ်ပေါ်ကနေ အထုတ်ပိုက်ဆင်းရလိမ့်မယ်...ကိုင်း ဒါဖြင့် သိုးရေခြုံထားတဲ့ ဝံပုလွေလေးရေ မင်းဘာဆက်လုပ်မလဲ..."

မြတ်ကြည်၏ပုံစံက အကျပ်ရိုက်နေသည့်ဟန်.. လက်သီးဆုတ်ကလေးကို ဖျန့်လိုက်ဆုတ်လိုက်..နှုတ်ခမ်းဖူးဖူးနားလေးတေ့လိုက်နှင့် တစ်ချက်တစ်ချက်လေပူတွေပင်မှုတ်ထုတ်မိသည်အထိ..။မျက်ဝန်းအိမ်တွေကလည်း ဂနာမငြိမ် ဟိုဟိုဒီဒီလှုပ်ရှားသွားလာလို့..။ ဒီပုံစံကိုကြည့်ခါ သဘောခွေ့နေသော ဘမြိုင်က ကျေနပ်နေသယောင် နှာတစ်ချက်ရှုံ့၍ ပြုံးလာပါတော့သည်။

"ကိုင်း ဒါဖြင့် ကျုပ်နဲ့အပေးအယူတစ်ခုလုပ်ကြတာပေါ့ ဘယ့်နှယ့်လဲ.. မင်းရဲ့လျှို့ဝှက်ချက်ကိုလည်း ငါ စောသိုက်ခေတ်ဆီပြန်မရောက်စေရဘူး..ပြီးတော့ မင်းရဲ့အကျိုးတူစီးပွားဖတ်အနေနဲ့ ရထိုက်တဲ့ငွေကိုလည်း ဆယ်ပုံပုံ သုံးပုံပေးမယ်.."

"ဒါဆို အယူကရော.."
မြတ်ကြည်က သိလိုစိတ်ပြင်းပြနေတဲ့ငတိမလေးပုံစံဖြင့် ဘမြိုင်အားမေးခွန်းတွေထပ်မေးမိပါသည်။

"ရှင်းပါတယ် မင်းလုပ်ပေးရမှာတစ်ခုထဲ..မင်းယောက်ျားရဲ့ အနီးကပ်ဆုံး သစ္စာဖောက်ရန်သူလုပ်ပေးရမယ်။ ငါခိုင်းတာလုပ်ပြီး ငါညွှန်ကြားတဲ့အတိုင်းနေပေါ့.."

ထိုအခါ မြတ်ကြည်က စဉ်းစားပြီးမှ တိကျသေချာတဲ့အဖြေတစ်ခုအားပြန်ပေးသည်။

"သေချာပေါက် ရှင်က ယုံကြည်ရတယ်မို့လား.. "

"ဒါပေါ့...မင်းလည်း ဒီကောင့်ဆီက ထွက်ပြေးချင်နေပြီမှလား အလိုမတူပါဘဲ လျှို့ဝှက်ချက်များတဲ့သူကိုမှ တော်ကောက်ခံလိုက်ရတော့ မင်းအတွက် အတော်လေး အနေကျပ်မှာဘဲနော်.."

တော်ကောက်ခြင်းခံရသော မြို့အုပ်ကတော် BL (Complete)Where stories live. Discover now