အခန်း၃

2.2K 305 8
                                    

Unicode

ကလေးလေးတို့မေမေ [ အခန်း၃ ]

နောက်ဆုံးမှာတော့ သူမ စုအန်းချီကို ချီရင်း အိတ်တွေကို အပေါ်ထပ်သို့ သယ်သွားလိုက်သည် ။
သေလောက်အောင် ဆိုးဝါးသည့် စစ်ပွဲကို အခုမှ အောင်မြင်သွားသည့်သကဲ့သို့ ကျန်းယီ မောပန်းနေပြီး ‌သူမခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေ ရွှဲနေ‌၏ ။
* ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတာ ဘာလို့အဲ့လောက်ခက်ခဲနေတာလဲ !!
အရင်ဘဝကိုပဲ ပြန်ပြီး ပုံကြမ်းအခု ၅၀လောက် ဆွဲပစ်လိုက်ချင်တယ် !!!
အိပ်ယာနိုးတာနဲ့ သူမဘဝကို ပြန်ရောက်ချင်တယ် *

သူမ ဆိုဖာပေါ်ထိုင်အနားယူပြီး စုအီရန်ကို ကြည့်လိုက်၏ ။ ထိုအခိုက်အတန့်မှာ သူက သတင်းတွေကြည့်နေသည် ။ စုအန်းချီက သူမဘေးမှာ ထိုင်နေရင်း သူမ ဘယ်လို လမ်းလျှောက်ရမလဲ ?? ဘယ်လိုမတ်တပ်ရမလဲ ဆိုပြီး သင်ယူနေသည် ။ သူမရဲ့ကိုယ်လေးကိုလဲ လှုပ်ပြီး‌ေတာင် ကစားနေသေး၏ ။

ကျန်းယီ သူမလေးကို လက်တစ်ဖက်နဲ့ထိန်းကိုင်ထားရင်း သူမလေးပျော်ရွှင်နေတာကို ကြည့်နေမိလေသည် ။ သူမလေးရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာသေးသေးလေးက အပျော်တွေနဲ့ပြည့်နေတယ် ။ သူမပြုံးလိုက်တိုင်း သူမရဲ့ရှေ့သွားသေးသေ‌းလေးနှစ်ချောင်းကို ပြထားပြီး သားရည်တွေလဲ ကျနေ၏ ။

"လွန်ခဲ့သော ညက အသက်သ‌ံုးဆယ်အရွယ် ကျော်ကြားတဲ့ ကာတွန်းဆရာမ အန်းရှောင်ကျန်း သူမနေအိမ်၌ သေဆုံး !!!
သူမသေဆုံးရတဲ့အကြောင်းအရင်းကတော့ အလုပ်အလွန်အကျွန်လုပ်တာကြောင့်........."
သူမ စုအန်းချီကြည့်ပြီး ပြုံးနေရင်း သူမကလောင်နာမည်ကို ရုတ်တရက်ကြားလိုက်ရတဲ့အချိန်မှာ သူမကြည့်လိုက်မိသည်။ စုအီရန်က သတင်းကနေ အနုပညာသတင်းချန်နယ်ကို ပြောင်းလိုက်တာကြောင့်ဖြစ်၏ ။

သူမလက်ထောက်ရှောင်လီက သူမ၏ကြောင်ဖြူလေး ပိုင်လျန်ကို ပိုက်ထားရင်း တိတ်တဆိတ်ငိုကြွေးနေလေ၏ ။
သတင်းထဲမှာက " ပရိသတ်တွေက အန်းရှောင်ကျန်းရဲ့ ဈာပနကို နန်ရှီမှာ ကျင်းပပါလိမ့်မယ် ...အန်းရှောင်ကျန်း၏ရှေ့နေ့ပြောတာက သူမမသေခင် သေတမ်းစာရေးထားခဲ့ပြီး အန်းချီ မိဘမဲ့ကျောင်းကို သူမရဲ့ဝင်ငွေတွေအားလုံးကို လှူဒါန်းခဲ့ပါတယ္......."
ကျန်းယီတစ်ယောက် မယုံနိုင်ဖြစ်သွားမိသည် ။
* ငါသေသွားတာလား??!!! ၊ ဒီလို ဗြုန်းစားကြီးလား !! *
တီဗီမျက်နှာပြင်ပေါ်မှာ ရှောင်လီတစ်ယောက် ငိုနေတုန်းပင်
သူမနဲ့ကပ်လျက်မှာတော့ စုအန်းချီကသူမပေါ် တွားသွားလာနေသည်။ စုအီရန်ကတော့ တီဗီကို လေးလေးနက်နက် ( အာရုံစူးစိုက်ပြီး ) နဲ့ ကြည့်ရှုနေ‌၏ ။
* ငါ ဘာကြောင့်သေသွားတာလဲ ??!! ၊
မူပိုင်ကျန်းယီကရော ဘာလို့သေသွားတာလဲ !!?? *

Two Mom [ Rebirth ]Where stories live. Discover now