အခန်း ၃၈

1.1K 167 1
                                    

Unicode

Transmigration; Two mother
Translator - Violet M
အခန်း ၃၈

စုဇီရွှမ်း က မျက်မှောင်ကြုတ်ကာ ကျန်းကျားချီကို ညွှန်ပြသော ကျန်းယီ ၏လက်ချောင်းကို
ကြည့်ပြီး သူမကို ပြန်ကြည့်တော့
သူ့စိတ်တွေ ဒေါသထွက်လာပြီး "ယီ
တစ်ယောက်ယောက်ရဲ့ ရှာလကာရည်ကို မ ‌ေသာက်ဘဲ နည်းနည်းရင့်ကျက်အောင် မလုပ်နိုင်ဘူးလား။ "

ဘေးက ကျန်းကျားချီက သနားစရာ အကြည့်နဲ့ "ယောင်းမ အစ်ကို ဇီရွှမ်း နဲ့ ငါ့ဆက်ဆံရေးကို
နင် အထင်လွဲနေတာလား။"
သူမ ရင်ဘတ်ကို ဖုံးကာ ဒေါသတကြီးဖြင့် ပြော၏
"ငါ နဲ့ အစ်ကို ဇီရွှမ်း က သာမန်သူငယ်ချင်းတွေပါပဲ
တရုတ်ပြည်ကို ပြန်ရောက်ပြီး အိမ်တွင်းရေးကိစ္စတော်တော်များများကို မသိသေးတဲ့အတွက်
သူက ငါ့ကို ဂရုစိုက်တယ်။" ကျန်းယီ၏
မျက်နှာပေါ်တွင် မှားယွင်းသော အပြုံးတစ်ခု
ရှိနေပြီး သူမ၏ စကားလုံးများတွင်
ရွဲ့စောင်းနေသော အရိပ်အမြွက်ပြကာ
သူမ မျက်ခုံးပင့်ကာ
"ဒီနေ့ ငါ ဒီကို ရုတ်တရက် မလာခဲ့ရင် စုဇီရွှမ်း
မင်းကို ခေါ်လာတာကို သိမှာ မဟုတ်ဘူး
မင်းက အဲလိုလူလား"

အဲဒါနဲ့ ကျန်းယီက ခေါင်းငုံ့ပြီး အီရန် ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို တွေ့လိုက်တယ်။
သူ အသက်ရှုကြပ်ပြီး မျက်နှာငယ်လေးက
အလွန်တောင့်တင်းနေတယ်
ကျန်းယီက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
ညှစ်လိုက်၏
ထို့နောက် သူမ ရုတ်တရက် ခေါင်းကို မော့ကာ မျ
က်လုံးများ မှိတ်ထားကာ
"ဒီရက်ပိုင်းမှာ ကျွန်မ အရမ်း လေးလေးနက်နက်
စဉ်းစားနေခဲ့ပြီး ဒါကို ပြောဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။ ဖခင်မရှိခြင်းက ကလေးတွေရဲ့ ကြီးထွားမှုအပေါ် ဆိုးရွားတဲ့ လွှမ်းမိုးမှုဖြစ်စေနိုင်ပြီး
သူတို့ရဲ့စိတ်နှလုံးကို အပြင်းအထန် ထိခိုက်သွားမှာ
စိုးလို့ သူတို့ကို ဒီမှာပဲ ထားခဲ့တယ်
ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မစဉ်းစားမိတယ်-"
သူမက လက်ရှိရှိနေသူအားလုံးကို
တစ်ချက်ကြည့်လိုက်ပြီး အီရန် ရဲ့လက်လေးကို တင်းတင်းကျပ်ကျပ်ညှစ်ပြီး
"အခုချိန်တောင် သူတို့အဖေက သူတို့နဲ့
တစ်ချိန်လုံးရှိမနေဘူး" လို့ဆက်ပြောပါတယ်။
ကျန်းယီရှုပ်ထွေးသောအကြည့်ဖြင့် စုဇီရွှမ်း ကို
ကြည့်ကာ စိတ်ဆင်းရဲစွာပြုံးကာ
"ကျွန်မက မိခင်ကောင်းတစ်ယောက်မဟုတ်ဘူး
ဆိုတာ သိပါတယ်။ သူတို့မွေးကတည်းက
အခြေခံအားဖြင့် ကျွန်မက သူတို့ကို ခွန်အားမပေး၊
ကလေးလို ကစားဖို့ အပြင်ထွက်ပြီး
ဂရုမစိုက်ဘူး
ဒါပေမယ့် ကလေးတွေရောက်လာတာနဲ့အမျှ
သူတို့ကိုစောင့်မျှော်နေတဲ့ သူတို့ရဲ့အဖေက
သူတို့ကို ဂရုစိုက်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့်
သူကတော့.... "
"သူတို့အဖေက နွေးနွေးထွေးထွေးပွေ့ဖက်ရမှာတောင် ခါးသီးတယ်။ သူက ထူးဆန်းတဲ့အမျိုးသမီးကို
ပွေ့ဖက်ပေးပေမယ့် အနားယူချိန်မှာ
ရံဖန်ရံခါမှသာ ကလေးတွေကို လာတွေ့မှာပါ။"
စုဇီရွှမ်း မနက်ခင်းမှာ အီရန် က
စိတ်အားထက်သန်တဲ့အကြည့်နဲ့ အီရန်
ပြန်ရောက်တဲ့အခါ သူ့အဖေရဲ့မျက်နှာကိုကြည့်ပြီး
ရှေ့က မလှမ်းမကမ်း မြင်ကွင်းကို သတိရမိသွားတယ်

Two Mom [ Rebirth ]Where stories live. Discover now