အခန်း ၆၂

931 108 5
                                    

Unicode

Two mother
Translator - Lilac M
အခန်း (၆၂)
"ရှောင်လိ" ရေချိုးခန်းထဲက ထွက်လာတော့ တံခါးခေါက်သံကြားလိုက်သည်။ တံခါးပျက်မတတ် အားနဲ့ရိုက်ထုနေတာဖြစ်၏။
သူမတစ်ယောက်တည်းနေတာမို့ နည်းနည်းတော့စိုးရိမ်မိသည်။ "လူဆိုးများဖြစ်နေမလား" တံတွေးမြိုချလိုက်ပြီး အခန်းထောင့်က ဘေ့စ်ဘောရိုက်တံကို ကောက်ကိုင်လိုက်ပြီး တံခါးဆီကို စူးစိုက်ကြည့်နေသည်။
ပုံရိပ်တစ်ခု ပေါ်လာ၏။
"လိရှိုလန် တံခါးမြန်မြန်ဖွင့်ပေးစမ်း" "ရှာကျင်းကျင်း" အမောတကောနဲ့ လှမ်းအော်သည်။
"ရှောင်လိ" အခုမှပဲ စိတ်အေးသွားတော့သည်။ လူဆိုးမဟုတ်။ ဘေ့စ်ဘောရိုက်တံကိုချပြီး တံခါးသွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ "ရှာကျင်းကျင်း" ချက်ချင်းတိုး၀င်လာပြီး "ရှောင်လိ"ကို အထင်တသေးနဲ့ ကြည့်လိုက်သည်။ "ဘာလို့လဲ လူဆိုးထင်နေတာလား နင့်ကိုယ်နင်လည်းကြည့်ပါဦး"
သူမ "ရှောင်လိ"ကို တွန်းလိုက်ပြီး အခန်းထဲကို ပတ်ရှာသည်။ "တာ့ဟား" နဲ့ "ပိုင်လျန်"ကို မတွေ့တော့ မျက်မှောင်ကြုတ်ပြီး မေးသည်။ "တာ့ဟားနဲ့ပိုင်လျန်ရော ... နင်တကယ်ကြီး သူတို့ကိုပေးပစ်လိုက်တာလား"
"ရှာကျင်းကျင်း" ရင်ဘတ်ကိုဖိပြီး မစ္စတာ"လီ"ရဲ့ မျက်နှာကို မြင်ယောင်သွားသည်။ "ဘယ်ကိုပေးခဲ့တာလဲ ငါနဲ့သွားပြန်ခေါ်ရအောင်"
ပြောရင်းဆိုရင်း "ရှောင်လိ"ကို ဆွဲပြီး တံခါးဆီ တွန်းပို့လိုက်သည်။
"ရှောင်လိ"တစ်ယောက် ခြေထောက်ကို ကြမ်းပြင်မှာ အသေကုပ်ထားပြီး အသက်အောင့်ထားသည်။ "မသွားဘူး"
"နင်ကဘာကိစ္စဒီလောက်ခေါင်းမာနေတာလဲ သူတို့ကို ... နင်မွေးစားထားတာလည်းမဟုတ်ဘဲနဲ့ ဘာလို့တခြားကိုပို့ပစ်ရတာလဲ ယီအန်းရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ့မှာသိခွင့်လေးတောင်မရှိဘူးလား ငါ့ကိုပြော သူတို့ဘယ်ရောက်သွားတာလဲ"
"သူတို့အတွက် အသင့်တော်ဆုံးပိုင်ရှင်ကို ငါကူရှာပေးခဲ့ပြီးပြီ နင်စိတ်ပူမနေနဲ့တော့"
"ရှာကျင်းကျင်း" ပါးစပ်ကို အုပ်ထားပြီး သူမကိုကြည့်နေသည်။ "ငါ့ကိုပြောစမ်းပါ" သူမ စိတ်ကိုငြိမ်အောင်ထားလိုက်ပြီး ဒေါသကိုဖြေလျှော့လိုက်သည်။ "သူတို့ကိုပြန်ခေါ်လာခဲ့ ငါနင့်ကိုငါးသောင်းပေးမယ် ဘယ်လိုလဲ"
"ရှောင်လိ" သူမကို အံ့အားတသင့်နဲ့ ကြည့်နေသည်။ ပိုင်ရှင်ကောင်းကိုရှာဖို့ ဒီလောက်တောင်ရက်ရောနိုင်သည်တဲ့။ သူမ တကယ်ပဲ ၀ယ်မယ့်သူကို တွေ့ထားပြီးပြီလား။ တော်တော်အသည်းမာတာပဲ။
သူမ ဆင်းရဲပေမယ့် စိတ်ဓာတ်တော့မမွဲ။ ကုန်းကောက်စရာပိုက်ဆံတစ်ပြားမှမရှိရင်တောင် သူမသူငယ်ချင်းကိုတော့ သစ္စာဖောက်မည်မဟုတ်။
"ထားလိုက်တော့ တာ့ဟားနဲ့ပိုင်လျန်ကို ငါပြန်ခေါ်တော့မှာမဟုတ်ဘူး နင့်၀ယ်သူကိုပြောလိုက် အသင့်‌တော်ဆုံးပိုင်ရှင်ကိုတွေ့ပြီးပြီလို့"
အဲ့ဒီနောက် "ရှောင်လိ" "ရှာကျင်းကျင်း"ကို အပြင်တွန်းထုတ်လိုက်သည်။
တံခါးပိတ်ပြီး နံရံကိုမှီလိုက်တော့ အပြင်ကနေ "ရှာကျင်းကျင်း" ဒေါသတကြီးနဲ့ ကျိန်ဆဲနေတာတွေ ကြားရ၏။
သူမ အရမ်း၀မ်းနည်းသည်။ ဘော့စ်"အန်း"က လူကောင်းတစ်ယောက်။ ဘယ်လိုလုပ် ဒီလိုသူငယ်ချင်းမျိုး ရထားလဲမသိ။ အစတုန်းကတော့ သူမ "ရှာကျင်းကျင်း"ကို လူကောင်းလို့ထင်ခဲ့ပေမယ့် တကယ်တော့ ဟန်ဆောင်နေတာပဲဖြစ်သည်။
သူမရဲ့ ပုံစံအစစ်အမှန်ကို ဘယ်လိုမှမသိခဲ့။ "လီကျဲယာ"ဆီက "ရှာကျင်းကျင်း"ကို ဖုန်းခေါ်တော့ သူမရဲ့ ရှစ်ခေါက်ချိုးအမူအရာဟာ တစ်မိနစ်အတွင်းမှာပဲ ချက်ချင်းပြောင်းသွားသည်။ "ရပါတယ် ပိုင်ရှင်ကိုပဲ ရှာဖို့လိုတာပါ ဒါပေမယ့် ပိုင်ရှင်ဘယ်သူလဲဆိုတာတော့ ဘယ်လိုသိနိုင်မလဲ"
"စိတ်မကောင်းပါဘူး ပြောရတာတော့ ကသိကအောက်နိုင်ပေမယ့် ဒီကိစ္စကို လျို့ဝှက်ထားသင့်တယ်"
တစ်မီလီယံအရှည်ရှိတဲ့ အတောင်ပံတွေ ပျံသန်းနေတာကို မြင်လိုက်ရတဲ့အတိုင်း "ရှာကျင်းကျင်း" အံကိုကြိတ်လိုက်သည်။ ခက်တာက "ရှောင်လိ"က ခိုင်းတဲ့အတိုင်းမလုပ်ဘဲ ဘယ်ကိုပို့ပစ်လိုက်လဲဆိုတာကိုမပြော။ ဒီဦးနှောက်စားတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကလည်းမရှိ။ သူမကို ဒေါသဖြစ်မိသည်။ သူမလည်း ဆင်းရဲဖူးတာပဲလေ။ ဘာလို့ဟန်ဆောင်နေတာလဲ။ ဘယ်သူ့အတွက်လဲ။
"ကိစ္စမရှိပါဘူး နင့်ကိုဒုက္ခပေးရုံပေါ့" ဖုန်းချလိုက်ပြီး‌တဲ့နောက် "အန်းကျန်"ရဲ့ သူငယ်ချင်းကို ယွမ်တစ်သိန်းလွှဲပေးဖို့ "လီကျဲယာ"က လက်ထောက်ကိုပြောလိုက်သည်။
လက်ထောက်ကမေးသည်။ "ချက်လက်မှတ်ကို ကိုယ်တိုင်ပေးမှာလား" သူ သိပ်ဂရုစိုက်ပြတာမျိုးကို သူ့အနေနဲ့ သိပ်မတွေ့ဖူး။
"ဟင့်အင်း အဆင်ပြေပါတယ်" "လီကျဲယာ" ပြတင်းပေါက်ဘက်ကို လှမ်းကြည့်လိုက်ပြီး "ကျန်းယီအန်း"ရဲ့ အပြုံးပုံရိပ်က သူမအတွေးထဲ ပေါ်လာသည်။
သူခေါင်းခါလိုက်သည်။ သူစဉ်းစားနေတာ "အန်းကျန်"အကြောင်း။ ဘာလို့ ရုတ်တရက်ကြီး သူမအကြောင်း ထပ်စဉ်းစားမိပြန်တာလဲ။ သူတို့နာမည်တွေက တကယ်တမ်း အတူတူပဲဆိုပေမယ့် ...
"လီကျဲယာ"ရဲ့ ၀မ်းနည်းနေတဲ့အမူအရာ၊ ခေါင်းကိုခါပြီး နေရာမှာပြန်ထိုင်လိုက်တာတွေကို လက်ထောက်ကြည့်နေသည်။ သူ့ကိုမနှောင့်ယှက်တော့ဘဲ အပြောင်းအလဲတွေအတွက် ပေးပျော်ထားလိုက်သည်။
#translate_by_LilacM
10/12/2022
( T/N Thanks for reading and interesting
U can vote ✨ If you wish
Eventually I see silent readers in my novel
Silent readers please vote my translation )

Two Mom [ Rebirth ]Where stories live. Discover now