အခန်း ၂၃

1.5K 233 1
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်သူ - Violet M
အခန်း ၂၃

ဒီခန္ဓာကိုယ်ဆီကို ကူးပြောင်းမလာခင်
ကျန်းယီက သူမကိုယ်သူမ ဤမျှလောက်
စိတ်လှုပ်ရှားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ
သူမရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက နှလုံးသားအိမ်ကို
လှုပ်ခတ်စေတယ်လို့ လူတော်တော်များများက
ပြောကြပေမယ့် အဲဒါတွေက စိတ်ကူးယဉ်ဆန်တဲ့ အရာတစ်ခုပါပဲ
သူမစိတ်ထဲမှာ စိတ်ကူးယဉ်ထားတဲ့
ဇာတ်လမ်းတွေပဲရှိတယ်ဆိုတာ သိတယ်

အခု သူမက စုအန်းချီနှင့်စုအီရန်အတွက်
သူမ၏ ရိုးသားဖြူစင်တဲ့ ခံစားချက်‌ေတွကို
ခံစားလိုက်ရပါတယ်
သူတို့လေးတွေက တိမ်တိုက်လေးတွေနဲ့
ခပ်ဆင်ဆင်တူပေမယ့်
တစ်နေ့မှာတော့ ဒီတိမ်တိုက်‌ေလး‌ေတွဟာ
သူမရဲ့နှလုံးသားအိမ်ထဲက
အမှောင်ထုအားလုံးကို ဖြိုခွင်းပြီး
အလင်းရောင်ထွန်းညှိပေးလိုက်တယ် ဆိုတာ အသေအချာပါပဲ

ပုံကြမ်းပြင်ဆင်ပြီးနောက် ကျန်းယီ
ပုံကြမ်းစာအုပ်ကို သေသေချာချာပိတ်ကာ
ဂရုတစိုက်ပြန်ထည့်ပြီး
အိပ်ယာဆီသို့ ပြန်သွားခဲ့ပါတယ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အန်းချီကို
ကြည့်လိုက်ရင်း သူမ ခေါင်းငုံ့ကာ
နမ်းလိုက်ပြီး " ကောင်းသောညပါ "
မီးပိတ်ခါနီးတွင် အီရန်ရဲ့ မနေ့ညကလို
အသွင်အပြင်ကို သတိရမိလိုက်ပါတယ်
သူမ စိတ်မသက်မသာဖြစ်သွားတာကြောင့်
တွေးပြီးတာနဲ့ အနောက်ခန်းကို လျှောက်သွားလိုက်ပါတယ်

ကျန်းယီ က မီးမဖွင့်တော့ချေ
စင်္ကြံမှ အလင်းရောင်ဖြင့် အီရန်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို
တွေ့လိုက်ရပါတယ်။
တိတ်တိတ်ဆိတ်ဆိတ် လျှောက်သွားလိုက်ပြီး
ကုတင်ပေါ်တက်သွားလိုက်ပါတယ်
အိပ်မက်လှလှလေးမက်နေပြီး
သူ့နှုတ်ခမ်းလေးက ပြုံးယောင်သန်းသွားပါတယ်
ကျန်းယီက စောင်ထောင့်ကိုဆွဲတင်ပေးလိုက်ကာ
အီရန်ကို ညင်သာစွာနမ်းလိုက်ပြီး ထွက်သွားလေ၏။  

ကျန်းယီ ထွက်သွားတာကြောင့် အီရန်
ပေါ့ပေါ့ပါးပါး ပြုံးနေတာကို မမြင်လိုက်ရချေ

Two Mom [ Rebirth ]Where stories live. Discover now