အခန်း ၇၂

701 89 0
                                    

Two mother
Chapter 72
Translator - Lilac M

အခန်း (၇၂)

စကားဆုံးတော့ သူတို့ရှေ့မှာ "လီရှန်းနန်" မော်မော်ကြွားကြွားနဲ့ရပ်နေသည်။ မျက်နှာဖြူဖပ်‌ဖြူရော်နဲ့ အ၀တ်အစားတွေကလည်း တွန့်ကြေနေ၏။ နောက်ဆုံးတစ်ခေါက်တွေ့ခဲ့တုန်းကနဲ့စာရင် သူ့ကြည့်ရတာသိပ်အဆင်ပြေပုံမရ။

"လိဆောင်း၊ ငါဒီမှာမရှိတုန်း နင်ငါ့အကြောင်း ဘာတွေပြောနေတာလဲ" သူမ "လိဆောင်း"ကို မာထန်ထန်နဲ့ စူးစိုက်ကြည့်လိုက်ပြီး "ကျန်းယီ"ဘက်ကို ပြန်ကြည့်လိုက်သည်။ "ဒါဘယ်သူပါလိမ့် ယောက်ျားတစ်ယောက်နဲ့ရှိနေတဲ့ပုံတွေ သတင်းစာထဲပါလာတဲ့ Celebrity ကြီးပါလား အခု ဒီကို ဘာကိစ္စလဲ သခင်လေးမရှိဘူး"

"ကျန်းယီ"က သူမလက်တွေနဲ့ "စုအန်းရန်"ကို နားအုပ်ထားလိုက်သည်။ "မစ္စလီ'၊ ရှင် ဒီမှာ နှစ်အတော်ကြာ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့တယ်ထင်လို့ ကျွန်မရှင့်ကိုသည်းခံလိုက်မယ် နောက်တစ်ခါ သက်သေမရှိဘဲ ဒီလိုစကားမျိုးမပြောပါနဲ့ အထူးသဖြင့် ကျွန်မကလေးရှေ့မှာ ပိုသတိထားပါ ကလေးကြားရင်စိတ်ထိခိုက်မှာစိုးတယ်"

"ကျန်းယီ" စိတ်အားငယ်သလို ခံစားရသည်။ သူမသည် မိဘမဲ့တစ်ယောက်။ သူမကလေးဘ၀တုန်းက တစ်ခါတလေ လူတွေက ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်ကြပေမယ့် သူမ ဂရုမစိုက်ဘဲနေခဲ့သည်။ သူမကို "စုအန်းရန်"ရှေ့မှာ လုပ်ကြံပြောဆိုအသရေဖျက်တာမျိုးကိုတော့ အဖြစ်မခံချင်။

"လီရှန်းနန်"က မျက်ခုံးပင့်လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။ Album ထဲ မွှေနှောက်ရှာလိုက်ပြီး ဖုန်း screen ကို လက်ညှိုးထိုးပြသည်။ "သက်သေလား ဒါက ခိုင်မာတဲ့သက်သေပဲမဟုတ်ဘူးလား"

သူမက သရော်သလိုအသံနဲ့ နှာတစ်ချက်မှုတ်လိုက်ပြီး "Network တစ်ခုလုံးက ပုံတွေဖျက်လိုက်ရုံနဲ့တော့ ပြီးသွားပြီမထင်နဲ့ ဒီပုံ‌တွေကို မြင်ပြီးတဲ့သူတွေမှအများကြီး ရှင့်ကိုကျွန်မစွပ်စွဲနေတယ်လို့မှပြောလို့မရတာ ဒါကသက်သေပဲလေ"

ပွဲကြီးပွဲကောင်း‌ဖြစ်တော့မယ်ဆိုတာသိလိုက်တာနဲ့ "လိဆောင်း"လည်း သူမရဲ့ သုံးဧကအကျယ်ရှိတဲ့ မီးဖိုချောင်ဆီပြေးတော့သည်။

Two Mom [ Rebirth ]Where stories live. Discover now