အခန်း ၈၁

732 102 0
                                    

အခန်း (၈၁)

"စုအန်းရန်"က သူ့ညီမလေးကို စကားပြောပုံဆိုပုံ သင်ပေးနေသည်။

သူမအခန်းတံခါးရှေ့မှာ အိပ်ပျော်သွားခဲ့တာ သနားစရာ။ ဘာတွေများဖြစ်လို့ပါလိမ့်။

"အန်းရန် ဒီမနက်က ဘာလို့မေမေ့အခန်းရှေ့မှာ အိပ်ပျော်နေတာလဲ" "ကျန်းယီ" သူ့ကိုခေါ်ပြီး တိုးတိုးသက်သာမေးသည်။

"စုအန်းရန်" နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ "ကျန်းယီ"မေးတာ ပြန်မဖြေချင်လို့ သူမကို တွန့်ဆုတ်ဆုတ်နဲ့ မျက်လုံးဝေ့ကြည့်လိုက်သည်။ သူပြောလိုက်တာက "သား အရမ်းအိပ်ငိုက်နေလို့ ..."

"ဒါဆို ဘာလို့ သားအခန်းမှာမအိပ်ဘဲနဲ့ မေမေ့ဆီပြေးလာရတာလဲ" "ကျန်းယီ"က သူ့ညအိပ်၀တ်စုံကော်လံလေးကို ကျကျနနခေါက်ပေးလိုက်ပြီး ရှက်နေတဲ့သူ့မျက်နှာလေးကို ဆွဲညှစ်လိုက်သည်။

"အစက သားကို မေမေနဲ့ အတူတူအိပ်ဖို့ပြောသားပဲ သားပဲမအိပ်ဘူးဆို ဟင် မေမေ့ကိုလွမ်းလို့လား"

"စုအန်းရန်"က "ကျန်းယီ"ကို လေးလေးနက်နက်ကြည့်လိုက်ပြန်သည်။ "မေမေ တကယ် လိမ်နေတာမဟုတ်ဘူးမလား"

"မလိမ်ပါဘူး လိမ်တဲ့သူဆို ခွေးပေါက်လေးဖြစ်မှာ" "ကျန်းယီ" ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။

"စုအန်းရန်" ရင်ထဲက အကြောက်တရားက အခုမှ ပြေပျောက်သွားတော့သည်။ သူ ပြုံးလိုက်သည်။ "ဒါဆို မေမေက ခွေးပေါက်လေးမဖြစ်ဘူးပေါ့နော်"

"ဒါပေါ့ မေမေ ဘယ်တော့မှမလိမ်ပါဘူး"

ပြီးတော့ "ကျန်းယီ" ဆက်ပြောသည်။ "ကြည့်စမ်း ကြည့်စမ်း မေမေ့ကို ခွေးပေါက်လေးဖြစ်မယ်မဖြစ်ဘူးပြောနေသေးတယ်"

"စုအန်းရန်" ချိုင်းကြားလေးကို ကလိထိုးလိုက်တော့ တခစ်ခစ်ရယ်သည်။ "စုအန်းချီ"က သူတို့နှစ်ယောက် ပျော်နေတာမြင်တော့ တက်လိုက်လာသည်။ "မေမေ"

"အန်းချီကရော ကလိထိုးတာခံချင်လို့လား" "ကျန်းယီ"က "စုအန်းချီ"ကို ပြောင်းပြီးကလိထိုးလိုက်သည်။

"ဟားဟား ဟာဟ ဟားဟားဟ" "စုအန်းချီ" အသားကုန်အော်ပြီး အိပ်ရာပေါ်မှာ လူးလွန့်နေတော့သည်။

Two Mom [ Rebirth ]Where stories live. Discover now