အခန်း ၈၄

657 90 0
                                    

အခန်း (၈၄)

သူမ တကယ်ပဲ အနုပညာလောကထဲကို ၀င်ရောက်သွားခဲ့သည်။ နာမည်ကြီးပေမယ့်လည်း ရပ်ကွက်ထဲက အသိမိတ်ဆွေတွေကတော့ သူတို့ကို အထူးအဆန်းကြည့်ကြပြီး ဒီမိန်းမက တီဗွီထဲ ဟိတ်ဟန်ထုတ်လွန်းကြောင်း ပြောကြဆိုကြသည်။ အမျိုးသမီးတွေနှယ် သူတို့သိက္ခာကို ထိန်းဖို့ကောင်း၏။

နောက်ပိုင်းမှာတော့ သူမ "စုဇီရွှမ်း"နဲ့ သိကျွမ်းခဲ့သည်။ သူမ,ပြန်လာတော့ သူနဲ့လက်ထပ်မည်ဆို၏။ ဒီ"စုဇီရွှမ်း"ဆိုတာ ဘယ်သူလဲ။ သူတို့သေချာမသိ။ ဒီတော့ လိုင်းပေါ်ကနေ စုံစမ်းသည်။

သူတို့သမီးက ကုမ္ပဏီပိုင်ရှင်သူဌေးသားနဲ့ ယူတော့မှာတဲ့လား။ တော်တော်လေးချမ်းသာတဲ့မိသားစုနဲ့လေ၊ မဖြစ်နိုင်တာ။ သူတို့မှာ ဆွေကြီးမျိုးကြီးနောက်ခံ‌မျိုးလည်းမရှိ။ ရုပ်ရည်လေးတော့ရှိပေမယ့် သူမရဲ့ ပညာအရည်အချင်းနဲ့ သူတို့အဆင့်အတန်းက မိုးနဲ့မြေ၊ ဆီနဲ့ရေလို။ ဒီလိုမိသားစု၀င်နဲ့သာ လက်ထပ်လိုက်ရင် သူမဘ၀ ထိခိုက်နစ်နာသွားမှာကိုလည်း စိုးရိမ်သည်။ သာမန်တွေးကြည့်ရုံနဲ့တင် သူတို့သဘောမတူနိုင်။

ဒီ့နောက်ပိုင်းမှာတော့ သူတို့တွေအချင်းချင်း ဆက်ဆံရေးကျဲသွားကြသည်။ မင်္ဂလာပွဲကျင်းပတဲ့နေ့၊ နောက်ပြီး "စုအန်းရန်"ကို မွေးတဲ့နေ့ ဒီနှစ်ရက်ပဲ "စုဇီရွှမ်း"ကို တွေ့ဖူးလိုက်သည်။

"စုအန်းချီ"ကို မွေးတဲ့နေ့ကတောင် သူ အလုပ်တွေအရမ်းများနေခဲ့သည်။ လာကြည့်ရုံလောက်ကြည့်ပြီး ထိုင်ခုံတောင် ဖင်မပူလိုက်ဘဲ အလျင်စလိုပြန်သွားရသည်။

ဒီအိမ်ထောင်ရေးက ဘယ်လိုလုပ်ပျော်ရွှင်စရာဖြစ်မလဲ။ သူမကလေးတွေ နောင်ရေးကောင်းစားဖို့လည်း အထူးတလည်မတွေး။ နှစ်တွေကြာတော့ အင်တာနက်ပေါ်မှာ သူမနဲ့ပတ်သက်ပြီး သတင်းတစ်ချို့တွေ့လာသည်။ သူမသည် အိမ်ထောင်ရှင်အမျိုးသမီးပီပီ ပြုမူနေထိုင်သူမဟုတ်။

ကုန်ကုန်ပြောရရင်တော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ယိုယွင်းပျက်စီးလာသည်။

"ဒါနဲ့ ဒီနေ့လာတာ ဘာကိစ္စလဲ အဲ့ဒီအကြောင်းတွေ ပြန်ပြောဖို့လား" "ကျန်းယီ" ခေါင်းကိုက်ကိုက်နဲ့ ပြောသည်။

Two Mom [ Rebirth ]Where stories live. Discover now