အခန်း ၁၁

2K 289 8
                                    

Unicode

ကူးပြောင်းလာပြီးနောက် ကလေးနှစ်ယောက် မေမေ ဖြစ်လာတယ်
ဘာသာပြန်စာရေးသူ - Violet M
အခန်း ၁၁
သူမနေခဲ့ဖူးသည့် မိဘမဲ့ ဂေဟာသည် အထီးကျန်ပြီး မိဘမဲ့ ကလေးလေးတွေအများကြီးရှိသည်
ဌာနမှူးမိခင်၏ ချဉ်းကပ်မှုကြောင့်သာ သူတို့တွေ အဆက်အသွယ်မပြတ်ဘဲ ရင်းနှီးခဲ့ကြသည်
ကလေးက စကားမပြောဖြစ်ရင်တောင်မှ ဠာနမှုးမေမေက နည်းလမ်းအမျိုးမျိုး ကြိုးစားပြီး ချိတ်ဆက်မှု လုပ်ဆောင်ပေးခဲ့သည်
ကျန်းယီသည် နှေးကွေးသွားစေရန် ရည်ရွယ်သည်။
သူမသည် အန်းချီ၏ကုလားထိုင်လေးကိုယူကာ
စုအီရန် အား
"အီရန် ဒီကိုလာပါအုံး သားမှာ သွားပိုးစားတာရှိမရှိ မေမေကြည့်ပေးမယ်။"

စုအီရန်က သူမကို သံသယနဲ့ စိုက်ကြည့်နေသည်
သူသည် ဂရုတစိုက်နဲ့ လမ်းလျှောက်မလာခင်မှာ
စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေခဲ့တယ်။
သူက ခေါင်းငုံနေပြီး ရှည်လျားသော မျက်တောင်များသည်
သေးငယ်သော ပန်ကာကဲ့သို အရိပ်များ ကျဆင်းသွားခဲ့သည်။

ကျန်းယီက သူ့မေးစေ့ကို မြှောက်လိုက်ပြီး မျက်လုံးချင်းဆုံလိုက်သည်
"မင်းမှာ သွားပိုးစားနေရင် သိပ်အဆင်မပြေဘူး
အမေက မင်းကို စစ်ဆေးပေးရလိမ့်မယ်..."

အရင်နေ့ကတော့ ဝက်နံရိုးချိုချဉ်ကြော် ၊ ငါးချိုချဉ်ချက် ကြိုက်တယ် လို့ ပြောခဲ့သည်
စုမိသားစုမှာ သူလေးသည် ဘုရင်ပင် ဖြစ်သည်။
သကြားလုံးတွေ အများကြီးစားပြီး သွားပိုးပေါက်တာဖြစ်နိုင်ပေမယ့်
ဘယ်သူကမှ အရေးတယူ မလုပ်ကြပေ

သူ့မှာ တိတ်တဆိတ် နေတတ်တဲ့ ပင်ကိုယ်စရိုက်ရှိသည်
သူ မိုးခြိမ်းသံကိုကြောက်တာတောင် မည်သူမျှ သတိမပြုမိပေ
သူမပြောရင် သူ့မှာ သွားပိုးတွေရှိနေတာ ဘယ်သူမှသိကြမှာမဟုတ်ပေ

ကျန်းယီ ၏လက်ဖြင့် လုံခြုံနေသော စုအီရန် သည်
သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့မျက်လုံးများက သူ့ရှေ့က ကင်မရာကို မသိစိတ်ဖြင့် ကြည့်ကာ သူ့မေးစေ့ကို တင်းတင်းကြပ်ကြပ် ညှစ်ထားသည့် ကျန်းယီ ၏လက်ကို တွန်းလိုက်သည်။ သူ့မျက်နှာမှာ မပျော်မရွှင် ဖြစ်နေသည်။

Two Mom [ Rebirth ]Where stories live. Discover now