အခန်း ၃၀

1.5K 176 2
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်သူ -Violet M
အခန်း ၃၀

အိမ်မှာ အချိန်အကြာကြီး နေခဲ့ရတာကြောင့်
ကျန်းယီ ရဲ့ ခေါင်းနောက်နေသလို ဖြစ်နေ၏။
စိတ်ကို ကြည်လင်စေဖို့ လမ်းလျှောက်ထွက်ရန်
ဆုံးဖြတ်လိုက်တယ်

သူမက ဒါရိုက်တာ လီဝေနဲ့ ဝန်ထမ်းတွေကို
အနားယူဖို့ တောင်းဆိုခဲ့ပါတယ်
သူမ အားကစားဝတ်စုံဝတ်ကာ အသွင်အပြင်ကိုပြောင်းလဲပြီး မျက်နှာဖုံးစွပ်ကာ အပြင်ထွက်ခဲ့၏။

ကျန်းယီ က ဗီလာတလျှောက် ထွက်လာပြီး
‌ဖြည်းညှင်းစွာဖြင့် သူမခေါင်းထဲက အတွေးတွေကို
ရှင်းထုတ်လိုက်၏
မကြာသေးမီရက်များအတွင်း မိုးရွာခဲ့တာကြောင့်
လတ်ဆတ်သည့် မြေသင်းနံ့လေးများ လေထဲ၌
လွင့်ပျံနေတယ်
ထိုအချိန်မှာ နေရောင်ခြည်က လင်းထိန်နေပြီး
နွေရာသီဟာ မောပန်းခြင်းတို့ကင်းမဲ့နေ၏

ကျန်းယီ သူမ၏ မျက်နှာကို
ဖုံးကွယ်ထားဖို့ မျက်နှာဖုံး၏ အစွန်းကို
ဆွဲချလိုက်၏
သူမဟာ နာမည်ကြီးကြယ်ပွင့်တစ်ယောက်
မဟုတ်ပေမယ့် သူမကိုယ်သူမ မြှင့်တင်ဖို့
အကောင်းဆုံးကြိုးစားနေပြီး
သူမရဲ့ နာမည်ဆိုးကြောင့် လူအများက
သူမကို အရမ်းသိချင်နေကြပါတယ်
တစ်စုံတစ်ယောက်သည် သူမကို မလွှဲမရှောင်သာ
မှတ်မိနိုင်ပါတယ်

သူမ၏နှာခေါင်းဖျားတွင် စိမ်းလန်းသော‌
မြက်သင်းရနံ့များဖြင့် ပြည့်နှက်နေပြီး
ကျန်းယီဟာ လျန်ချင်၏စကား‌ေတွကို
ခေါင်းငုံ့ကာ တွေးတော စဉ်းစားနေလေ၏

ရုတ်တရက် ကျယ်လောင်သည့် ဟွန်းတီးသံက
သူမကို တုန်လှုပ်စေခဲ့၏
သူမဟာ လမ်းကို ဖြတ်ကူးထားသည်ဟု
ထင်ကာ တစ်ဖက်သို့ ပြေးသွားသော်လည်း
ဟွန်းသံက မြည်နေဆဲဖြစ်တယ်
သူမ စူးစူးဝါးဝါး ပြန်ကြည့်ကာ ပြတင်းပေါက်မှ
ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရ၏
စတီယာဝိုင်းပေါ်တွင် လက်တစ်ဖက်နှင့်
ဟွန်းပေါ်တွင် လက်တစ်ဖက်တင်ထား၏
သူ့မျက်နှာပေါ်မှာ ကြည်နူးတဲ့
အပြုံးဖြင့် "မရီး! မရီး!"

သူက ‌ေတာ့ စုဇီရွှမ်းရဲ့ သူငယ်ချင်းကောင်း
လီကျဲယာဖြစ်၏

Two Mom [ Rebirth ]Where stories live. Discover now