အခန်း ၇၀

1K 124 11
                                    

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ - Lilac M
အခန်း (၇၀)

ဖုန်းပြောပြီးတော့ "ကျန်းယီ" ဧည့်ခန်းဆီ ပြန်ထွက်လာခဲ့သည်။

အစ်မထောင်'ဆီက ဖုန်းဆက်လာပြန်၏။

"ယီ၊ ဇီရွှမ်းကို ဖုန်းဆက်ပြီး ဒီအကြောင်းပြောလိုက်သေးလား" အစ်မထောင်' အသံက စိတ်လှုပ်ရှားနေပုံရသည်။

ဒါပေမယ့် "ကျန်းယီ"ကတော့ ပိုလို့တောင် အံ့အားသင့်သွားသည်။ သူမက ဘာလို့ "ဇီရွှမ်း"ဆီ ဖုန်းဆက်ရမှာလဲ။ သူမ ဒီခန္ဓာကိုယ်နဲ့ နိုးထလာပြီးတည်းက အခုချိန်ထိ နှစ်ယောက်သားစကားမပြောဖြစ်။

"အစ်မထောင်'၊ ပြောစရာရှိရင်လည်းပြောပါ သွယ်ဝိုက်မနေပါနဲ့ အစ်မဘာတွေပြောနေမှန်း ညီမဖြင့်နားကိုမလည်တော့ဘူး" "ကျန်းယီ" ခေါင်းတွေခြောက်လာပြီး ပြောလိုက်သည်။

သူမ shock ရသွားပြီးတည်းက ဘာတွေပြောနေမှန်းမသိ။

"ဒါတွေအားလုံးနင့်ကြောင့်လေ နင်နဲ့ကျဲယာ ဇီရွှမ်းဆီ အကူအညီမတောင်းကြည့်ဘူးလား အခု အင်တာနက်ပေါ်မှာ ဓာတ်ပုံသဲလွန်စတွေ ဘာတစ်ခုမှမရှိတော့ဘူး"

ဒီကိစ္စကြောင့်ကိုး။

"လီကျဲယာ"က တော်တော်စွမ်းတာပဲ။ ဘယ်လောက်ကြာလိုက်လဲ ...

သူမ ဖုန်း screen ကို ကြည့်လိုက်သည်။ ကိစ္စအားလုံးဖြေရှင်းဖို့ သူ နာရီ၀က်ပဲ အချိန်ယူလိုက်ရသည်။

"ကျန်းယီ" ရှင်းပြလိုက်သည်။ "ဇီရွှမ်းလုပ်တာမဟုတ်ဘူး ကျဲယာက သူ့အသိတစ်ယောက်ကို အကူအညီတောင်းလိုက်တာ"

"သူက သဘောကောင်းသားပဲ ဒါနဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး နင်ငါ့ကိုမရှင်းပြရသေးဘူးလေ အဲ့ဒါဘယ်လိုဖြစ်ကြတာလဲ"

"ကျန်းယီ" ခေါင်းကိုပွတ်လိုက်သည်။ သူမ ခေါင်းတွေကိုက်နေပြီ။ "စုအန်းရန်"က သူမကို စိုးရိမ်ကြည့်နဲ့ ကြည့်နေသည်။

"ကျန်းယီ"လည်း သူ့ကိုကြည့်လိုက်ပြီး ဖုန်းကိုရေချိုးခန်းထဲယူသွားလိုက်သည်။ "အဲ့ဒါ ညီမ စု'အိမ်ကို ပြန်သွားတဲ့နေ့တုန်းက ..."

အဲ့ဒီနေ့ကအဖြစ်အပျက်တွေက အစ်မ'ထောင်ထောင်း'ကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ယုံတာမယုံတာကတော့ သူမအပိုင်း။

Two Mom [ Rebirth ]Where stories live. Discover now