အခန်း ၈၅

910 112 0
                                    

အခန်း (၈၅)

"ဝေကျား" ပခုံးတွေတဆတ်ဆတ်တုန်နေပြီး သူမကို မှင်သေသေနဲ့ကြည့်နေသည်။ သူမ တောင်းပန်စကားဆိုချင်ရင်တောင် လည်ချောင်းထဲမှာတစ်နေသည်။ ဒီနေ့ ဒီကိုလာရတဲ့ရည်ရွယ်ချက်က သူမနဲ့စကားများဖို့မဟုတ်။ ဒါပေမယ့်လည်း အရင်ကတည်းက သူတို့ကြားမှာ ဒီလိုပြဿနာမျိုးတွေက ဖြစ်နေကျပါပဲ။

သူတို့ကြားက ဆက်ဆံရေးက ဒီပုံစံလားလို့ တွေးမိသည်။ သူမသမီးလေး ဒီလိုအတွေးမျိုးတွေးနေမယ်လို့ စိတ်တောင်မကူးဖူး။

"ဘွားဘွား ..." "စုအန်းရန်"က မျက်ရည်တွေလဲ့နေတဲ့မျက်လုံးတွေနဲ့ "ဝေကျား"ရဲ့ အင်္ကျီစကို ဆွဲလိုက်ပြီး ဆို့ဆို့နင့်နင့်ပြောသည်။ "မေမေ့ကို မဆူပါနဲ့တော့လား"

"ဝေကျား" ကြက်သေသေသွားပြန်သည်။ သူမ ကလေးရဲ့ မျက်လုံးအိမ်ကို ကြည့်လိုက်သည်။ ဒီအပြစ်ကင်းစင်တဲ့မျက်၀န်းတွေက အပြစ်တင်ချင်သည့် အရိပ်အယောင်ပေါ်သည်။ "ဘွားဘွား ... ဘွားဘွားက ဆူနေတာမဟုတ်ပါဘူး ဘွားဘွားက ဒီတိုင်း ..."

ဒီတိုင်းဘာဖြစ်လဲ။ ကိုယ်ပြောတာကိုယ်ပြန်စဉ်းစားလိုက်သည်။ တစ်ချို့စကားလုံးတွေက အရမ်းလေးနက်ပြီး အနားမှာလည်း လူတွေရှိနေသည်။ သူမအပြုအမူတွေ သိပ်ပြီးပြင်းထန်သွားခဲ့သလား။

"ဘွားဘွား သားနဲ့အတူတူ သက်တံခေါက်ဆွဲလုပ်ကြရအောင်" "စုအန်းရန်"က "ဝေကျား"‌ သူ့ဘာသူအပြစ်တင်မဆုံးဖြစ်နေတဲ့အမူအရာကို သိလိုက်သည်။ သူမလက်ကိုဆွဲပြီး ဖယောင်းပုဆိုးနားကို ခေါ်လာသည်။ သူက ဂျုံမှုန့်ထုပ်တွေနဲ့ အိုးကြီးတွေကို လက်ညှိုးထိုးပြသည်။ "မေမေက ဒီနေ့ သားနဲ့အန်းချီကို သက်တံခေါက်ဆွဲလုပ်နည်းသင်ပေးမယ်ပြောတယ်"

သူ့အမေဟာ သူမအမေကို သိပ်ချစ်မှာသေချာသည်။ တီဗွီထဲမှာကြားဖူးတာတော့ လူတစ်ယောက်က အခြားတစ်ယောက်ကို ဂရုစိုက်တယ်ဆိုရင် သူတို့ပြောသမျှကိုလည်း အလေးထားလိမ့်မည်တဲ့။

ဒါပေမယ့် သူမ,ငိုမှာ သူစိုးရိမ်သည်။

"ဝေကျား"က "စုအန်းရန်"‌ ခေါ်တဲ့နောက်လိုက်လာပြီး "ကျန်းယီ"ကို လည်ပြန်ကြည့်သည်။ "ယီ၊ မေမေက သမီးမှားတယ်လို့‌ ပြောချင်တာမဟုတ်ပါဘူး မေမေက ဒီတိုင်း ..."

Two Mom [ Rebirth ]Where stories live. Discover now