အခန်း ၃၄

1.1K 153 2
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်သူ- Violet M
အခန်း ၃၄

လီဝေက ဤအမျိုးသမီးဟာ
ပထမမျိုးဆက်၏ ဒဏ္ဍာရီလည်း
ဖြစ်သည်ကို သတိရမိ၏
ဖျော်ဖြေရေး‌ေလာကနှင့် အထက်တန်းစား‌ေလာကက
တူညီသောအရာတစ်ခုဖြစ်တယ်ဟု
သူတို့အားလုံးက ပြောကြတယ်
သူမနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီက အံ့သြစရာပါပဲ
လူတော်တော်များများက ပြောနေကြပေမယ့်
သူ့စိတ်ထဲ စွဲမနေပါဘူး
ယခုတော့ ထိုဒဏ္ဍာရီ‌ေတွက အမှန်ဖြစ်ပုံရတယ်

လီဝေက ကင်မရာမန်းကို လျန်ချင်ရဲ့မျက်နှာကို
မရိုက်ဖို့ ကင်မရာကို နည်းနည်းစောင်းခိုင်းပြီး တိတ်တဆိတ် ညွှန်ကြားလိုက်ပါတယ်

လျန်ချင် က မျက်လုံးမှိတ်လိုက်ပြီး
ကျန်းယီဘက်သို့ လှည့်ကာ
" ပုံမှန်အတိုင်းပဲဆိုတာ မင်းသိပါတယ်
ဒါပေမယ့် မင်းနောင်တရလိမ်မယ် မထင်ဖူးလား"
လျန်ချင် က တစ်ခုခုကို ဆိုလိုရင်း
ကျန်းယီက နှုတ်ခမ်းကို တင်းပြီး သူမ ဘာကို
ရည်ညွှန်းတယ်ဆိုတာ သိတယ်
ယနေ့ အခြေအနေ ပိုဆိုးလာပါက စု ၏ချွေးမဖြစ်သူ
ရဲ့ လက္ခဏာမှာ မတည်မငြိမ်ဖြစ်လာနိုင်တယ်
သားသမီးတွေတောင် ဆုံးရှုံးနိုင်ပေမယ့်
အရင်က ယောက္ခမ အရိပ်အမြွက်‌ေပြာတာမှန်သမျှ
အလောင်းအစား လုပ်ကိုလုပ်ရမယ်

"ကျန်မ နောင်တရမှာမဟုတ်ဘူး
ဒီနေ့ ကျန်မဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို
အမေ သိတဲ့အတွက် အီရန် နဲ့ အန်းချီ
ကျန်မကိုတွေ့ဖို့ ထွက်သွားခွင့်ပြုပါ။"

ကျန်းယီဟာ လျန်ချင် ကို စိတ်ရင်းမှန်ဖြင့်ကြည့်ကာ သူမ၏ ထက်သန်သည့်အကြည့်မှာ
မျှော်လင့်ချက်အပြည့်ရှိနေတယ်

"စုအီရန် က စန္ဒယားတီးနေတုန်းပဲပြီးမှ
သူက အတန်းပြီးမှာ
အန်းချီက အိပ်နေတုန်းပဲ"

ထို့နောက် လျန်ချင် က လက်ဖက်ရည်တစ်ခွက်
သောက်လိုက်ပြီး "ဒါကို ငါဘာမှမတတ်နိုင်ပေမယ့်-" သူမလက်မောင်းပေါ်ရှိ ရိုးရိုးနာရီကိုကြည့်ကာ
"ဇီရွှမ်း ဒီညပြန်လာလိမ့်မယ်
သူပြန်လာရင် အတူတူ ဆွေးနွေးကြရအောင်။"

ကျန်းယီ နှလုံးခုန်သံတွေ မြန်လာပြီး
မျက်လုံးတွေကို စိုက်ကြည့်နေတယ်
ယောက္ခမဖြစ်သူက သူ့မကို ရွံ့ရှာနေတယ်လို့
ခံစားမိပေမယ့် ကူကယ်ရာမဲ့ ဖြစ်နေပါတယ်။

Two Mom [ Rebirth ]Where stories live. Discover now