အခန်း ၈၀

1K 111 0
                                    

အခန်း (၈၀)

သူမ သက်ပြင်းတ်ချက်ချလိုက်ပြီးမှ မြန်မြန်ပြေးရပြန်သည်။ "ပိုင်လျန်"ရဲ့ အော်သံကိုကြားတော့ "စုအန်းရန်" အလန့်တကြားဖြစ်သွားသည်။ သူ မျက်လုံးဖွင့်လိုက်တော့ "ပိုင်လျန်"က သူ့ရှေ့မှာ အမြီးလေးလှုပ်ပြီး ရပ်နေသည်။

သူ တုန်လှုပ်သွားပြီးမှ အိပ်မက်မက်နေမှန်း သတိထားမိလိုက်သည်။ သူ့နဖူးကချွေးစေးတွေကိုသုတ်လိုက်ပြီး ခေါင်းရင်းက နှိုးစက်နာရီကိုကြည့်သည်။ ငါးနာရီထိုးပြီ။

အခုမှ အရုဏ်တက်ချိန်ပဲရှိသေးပေမယ့် ပြန်မအိပ်တော့ဘဲ စောင်ကိုဖယ်ပြီးထလိုက်သည်။ ပြီးတော့ "ကျန်းယီ" အခန်းဘက်ဆီ တိတ်တိတ်လေးရောက်လာ၏။

"တာ့ဟား"က သူမရဲ့ အိမ်လေးထဲမှာမအိပ်။ ကြည့်ရတာ "ကျန်းယီ" ရုတ်တရက်ပျောက်သွားမှာကို စိုးရိမ်နေသည်။ "ကျန်းယီ" အိပ်ပျော်သွားတော့ သူမလည်း တံခါးနားလာပြီးအိပ်သည်။

"စုအန်းရန်" နဲ့ "ပိုင်လျန်" ထွက်လာတော့ "တာ့ဟား"လည်း လှုပ်လှုပ်ရှားရှားဖြစ်လာပြီး "စုအန်းရန်"နား ကပ်သွားသည်။ "စုအန်းရန်"က သူမကို မအော်ဖို့တားပေမယ့် နောက်ကျသွားခဲ့ပြီ။ သူမဟောင်သံက ဗီလာတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

"စုအန်းရန်"က သူမပါးစပ်ကိုပိတ်လိုက်ပြီး တိုးတိုးလေးပြောသည်။ "မဟောင်နဲ့တော့ မေမေနဲ့ညီမလေး နိုးလာတဲ့အထိစောင့်နေနော် နားလည်လား နားလည်ရင်ခေါင်းညိတ်ပြ"

"တာ့ဟား" ခေါင်းညိတ်ပြသည်။

"စုအန်းရန်"က သူမပါးစပ်ကိုပိတ်ထားတာကို လွှတ်လိုက်သည်။ သူ လုံး၀မကြောက်တော့။ "ကျန်းယီ" သူ့ကို သင်ပေးထားတဲ့ပုံစံကို တွေးလိုက်မိပြီး သူမကို ငြိမ်ကျသွားအောင် လုပ်နိုင်ခဲ့သည်။

"ပိုင်လျန်"ကလည်း "စုအန်းရန်"အနား ရောက်လာပြန်၏။ သူမခေါင်းလေးကို "စုအန်းရန်"ရဲ့ ဘောင်းဘီရှည်နဲ့ ဖွဖွလေးပွတ်လိုက်သည်။ "မြောင် မြောင်"

"စုအန်းရန်"က တံခါးနားမှာ ထိုင်ချလိုက်သည်။ တံခါးဘောင်ကိုမှီလိုက်တော့ ကျောတွေစိမ့်သွားသည်။ ခဏကြာတော့လည်း အသားကျသွား၏။

Two Mom [ Rebirth ]Where stories live. Discover now