အခန်း ၁၈

1.7K 240 4
                                    

Unicode
ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ- VioletM
အခန်း ၁၈

ငါးနှစ်သားလေးက အလွန်သန်မာခြင်းမရှိသော်လည်း ရုတ်တရက်မို့ ယုမန်းမြောင်ဟာ
တုံ့ဆိုင်းသွားကာ စုအီရန် ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိပါတယ်

စုအီရန်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့် တောက်ပနေသော မျက်လုံးကြီးတွေနဲ့
သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပါ တယ်
သူ့မျက်လုံးအောက်မှာ နွေရာသီမှာ သူ့အလိုလို
ပေါက်ကွဲထွက်လာသလိုမျိုး နောက်စက္ကန့်မှာ ပေါက်ကွဲသွားနိုင်သည့် မီးပွားတွေရှိနေပါတယ်

" စုအီရန် ?" ကျန်းယီ က သူ့နာမည်ကို ခပ်တိုးတိုးပဲ ခေါ်လိုက်ပါတယ်
စုအန်းချီက သူမ၏မိခင် မသက်မသာဖြစ်မှုကိုခံစားရပြီး အပြင်သို့ တွားသွားရန်ကြိုးစားလိုက်ပါတယ်
သူမ စိတ်မသက်မသာဖြစ်စေတဲ့ အသံတွေ ထွက်လာပါတယ်
စုအီရန်က မန်းမြောင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ တိုက်ခိုက်ဖို့ အဆင် အသင့်ဖြစ်နေပြီဖြစ်တဲ့ သားရဲတစ်ကောင်နှင့်တူပါတယ်
သူ့ခန္ဓာကိုယ်က နိုးနိုးကြားကြားရှိနေပြီး ကျန်းယီ ရဲ့ ခေါ်သံကိုတောင် မတုံ့ပြန်တော့ပေ

ကျန်းဟွမ်းလင်ဟာ သူမ၏ ပါးစပ်ကို လက်နှစ်ဘက်ဖြင့် အုပ်ပြီး စုအီရန်ကို လွတ်လွတ်လပ်လပ် ကြည့်နေပါတယ်
မထင်မှတ်လောက်အောင် စုအီရန် က အရမ်းရက်စက်တယ်
သူမ နဲ့တွေ့ကတည်းက စကားမပြောဖြစ်ခဲ့ဘူး
သူက စကားပြောရန် ရှက်ရွံ့သော ကလေးတစ်ယောက်သာ ဖြစ်သည်ဟု သူမ တွေးမိလိုက်တာလေ
ဖေဖေ နဲ့ သားက တစ်ပုံစံတည်းပဲ

ယုမန်းမြောင် ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာပါတယ်
သူမသည် စုအီရန် ကို သနားချင့်စဖွယ်စိတ်ဖြင့် ကြည့်ပြီး သူ့ဘေးတွင် ရပ်နေသော ကျန်းယီ ကို ကြည့်ကာ
" ယီယီ စုအီရန် သူက ..."

သူမ အဆုံးမရှိ ဝမ်းနည်းနေပုံရပါတယ်
သူမ၏ မျက်လုံးထောင့်မှ မျက်ရည်စများ ကျဆင်းလာကာ မြင်ကွင်းကတော့ လှပပြီး အံ့သြဖွယ်ကောင်းလှပါတယ်

ဒရာမာကို ကြည့်ရှုသူအများအပြားရှိခဲ့ပြီး စုအီရန်ရဲ့ တုံ့ပြန်မှုမှာ ၎င်းတို့အားလုံးကို အံ့အားသင့်စေပါတယ် ။

Two Mom [ Rebirth ]Where stories live. Discover now