Chapter...2

40.7K 2.4K 113
                                    

"သားနိူင်းလေးရယ် စိတ်လျှော့ပါကွယ် ဒီအိမ်
မှာအစေခံတွေကအများကြီးပဲ ဒီလိုအလုပ်သ
မားမျိုးကိုအလုပ်ထုတ်ပစ်လိုက်မယ်"

"အို မေမေကလည်း အလုပ်ထုတ်ပစ်ရုံနဲ့
တင် နိူင်း မကျေနပ်နိင်ပါဘူး နိူင်းရဲ့အကျင့်ကို
မေမေလည်းသိသားနဲ့ နိူင်းကနိူင်းရဲ့အပိုင်လို့
သတ်မှတ်ထားရင် ဘယ်သူမှထိတာလည်းမ
ကြိုက်ဘူး...ပြီးတော့ အဆင့်အတန်းချင်းမတူ
တဲ့သူမျိုးနဲ့ဆို နိူင်းကစကားထဲတောင်ထည့်
ပြောချင်တာမဟုတ်ဘူး"

နိူင်းတုမဟာ လို့အမည်ရတဲ့ အသက်21နှစ်အ
ရွယ်ကောင်လေးဟာ နိင်ငံရဲ့အချမ်းသာဆုံး
Top 10ဝင်တဲ့ ဒိတ်ဒိတ်ကျဲချမ်းသာတဲ့ သူဌေး
ကြီးရဲ့သားအငယ်ဆုံးလေးဖြစ်ပြီး မွေးတည်း
ကရွှေဇွန်းကိုက်ပြီး စိန်စီထားတဲ့ကုတင်ပေါ်မှာ
အိပ်စက်ကာ ကြီးပြင်းလာခဲ့ခြင်းပင်။

အစ်မသုံးယောက်ရှိပြီး ဦးမဟာနဲ့ ဒေါ်ရတနာ
တို့ရဲ့ အလိုချင်ဆုံးသားလေးကမရနိင်ဘူးဟု
ထင်ထားခဲ့ရာမှ နောက်ဆုံးမှာဆန္ဒတွေပြည့်
မြောက်လာရခြင်းကြောင့် အထိမခံပဲပိုးမွေး
သလိုမွေးထားခြင်းပင်။

နန်းမြတ်မဟာ၊ လမင်းမဟာ၊ နွေဦးမဟာ တို့
ရဲ့ အငယ်ဆုံးတစ်ဦးတည်းသောမောင်လေး
ဖြစ်တဲ့ နိူင်းတုမဟာက ချမ်းသာမူတွေနဲ့ဝန်းရံ့
ထားပြီး အစ်မသုံးယောက်က ဝိုင်းအလိုလိုက်
အချစ်ခံရသူလေးလည်းဖြစ်၏။

နိူင်း ကိုကိုယ်ဝန်စရှိတည်းကစီးပွားရေးတွေ
များစွာကောင်းခဲ့တာကြောင့် လဘ်ကောင်
လေးလို့ခေါ်ခဲ့ကြပြီး ငြိုငြင်မူသေးသေးလေး
ပင်မရှိအောင် ဂရုစိုက်ထားကြ၏။

ပိုးဥလေးလို ဥထားပြီးစောင့်ရှောက်ထားခြင်း
ကြောင့် နိူင်းလေးဟာ ဖြူနုဝင်းမွတ်နေကာ
အသားအရည်လေးတွေကအိစက်နေ၏။အ
သန့်အပြန့်အရမ်းကြိုက်သူဖြစ်ပြီး သူ့ရဲ့နေ့စဥ်
ဝေယျာဝစ္စ တွေကိုလုပ်ပေးရသည့်အစေခံ
တွေက လူအယောက်နှစ်ဆယ်လောက်ရှိလေ
သည်။

အသုံးအဆောင် အဝတ်အစားကအစ စျေး
ကြီးတဲ့ တံဆိပ်မှ ကိုယ်ပေါ်အတင်ခံသလို တစ်
ခါနှစ်လောက်ဝတ်ပြီးရင်လည်း ပြန်လှည့်မ
ကြည့်တတ်တော့။ နိူင်းဟာ မဟာစံအိမ်ကြီး
မှာ ဦးမဟာ ပြီးရင်ဒုတိယမြောက် အာဏာရှိ
တဲ့သူဆိုလည်းမမှားပေ။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now