Chapter...34

24.6K 1.6K 60
                                    

Cruel Hell

အောက်ခြေလူဆိုးလူမိုက်တွေဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အလေ့ကျပေါက်တဲ့မှိုပွင့်တွေလို နေထိုင်မူဘဝတွေကတော့ခပ်ချာချာ၊ခပ်မွဲမွဲ။

သို့သော်လည်း သီးသန့်ရပ်ဝန်းငယ်တစ်ခုလိုအောက်ခြေတန်း
စားရပ်ကွက် လမ်းကြားတွေမှာကျင်လည်နေတဲ့ အဖွဲ့၊တစ်ကိုယ်တော် ဇိုးလေးတွေအတွက်တော့ လုံခြုံမူပေးနိင်သ
လို အထက်တန်းစားဂိုဏ်းတွေလောက် အရာအသွင်းမခံရ
သိမ့်ငယ်ရပေမဲ့ အဆင့်တူတန်းတူတွေချည်းသာ ရပ်ကွက်
ငယ်တစ်ခုဖြင့်ဖွဲ့စည်းနေထိုင်ကြသည့် ဂျပစီကလေကချေတွေ
လိုခပ်ရိုင်းရိုင်းပြောရမည့် Cruel Hell..

"အဖြေကရှင်းပါတယ်...မာဖီးယားဂိုဏ်းပေါင်းစုံအစည်းအ
ဝေးပွဲမှာ ကျုပ်တို့ဂိုဏ်းကိုပါဖိတ်ကြားသလားပဲသိချင်တယ်"

"ဒုန်း"

ဟု စိတ်ပျက်လက်ပျက်နှင့် စကားတွေလုံးထွေးလျက်ခပ်မူးမူး
အသိဥာဏ်သာရှိတော့သည့် မွဲပြာပြာအဝတ်အစားတွေကို
ဝတ်ဆင်၍သားနားမူမရှိလေတဲ့ ယောက်ျားတစ်ယောက်ရဲ့
သောက်လက်စ အရက်ခွက်ကို စားပွဲဝိုင်းပေါ်သို့ ခံပြင်းစိတ်
တွေနှင့် ဆောင့်ချလိုက်လေသည်။

အိုးးး ဘယ်လောက်တောင် ဒေါသစိတ်တွေမွှန်ထူနေလည်း
မသိ အရက်ခွက်က အားပြင်းတဲ့ ဆောင့်ချလိုက်တဲ့ဒဏ်ကိုမ
ခံနိင်ရှာ...။

"ဗစ်တာ...မင်းလက်ရဲ့ လောလောလတ်လတ်ရသွားတဲ့ဒဏ်
ရာကိုသာဂရုစိုက်လိုက်"

"ခင်ဗျားတို့အခုလို အနှိမ့်ခံဂိုဏ်းဘဝနဲ့ပဲကျေနပ်ပြီး ရလာတဲ့
ဝေစုတွေကို ခွေးလေးတွေလိုအမြှီးနှံပြီး အဲ့ကောင်တွေရဲ့ရှေ့
မှာခိုင်းဖက်လို ပြုံးပြုံးလေးနေကြတော့မလို့လား"

"ဟေ့ဗစ်တာ...မင်းကလက်တင်မဟုတ်ဘူး၊အသိဥာဏ်၊စဉ်း
စားတွေးခေါ်ဥာဏ်ပါသုံးစားမရတော့ဘူး...ငါတို့ဘဝကဘုရားသခင်က အကုန်စီမံပေးထားပြီးသား"

"ခွမ်း! ခင်ဗျားလိုအဘိုးကြီးရဲ့ ခေါင်းကိုဒီပုလင်းကွဲနဲ့ထိုးစိုက်
ပြီးရင်ကော ဘုရားသခင်ကိုတနိင်ဦးမလား"

"အဟက်! မင်းငါ့ကို တကယ်..တကယ်မလုပ်ရဲပါဘူး"

"မလုပ်ရဲဘူးဟုတ်လား...ငါ!"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now