Chapter...24

29.6K 1.8K 107
                                    

ပါးပြင်တစ်ဖက်တစ်ချက်မှာအေးခနဲ့..။သေ
ချာတာက သူ့ရဲ့နှုတ်ခမ်းညိုညိုတွေက ခပ်ဖွ
ဖွအထိအတွေနဲ့အတူ ပါးပြင်မို့မို့ကိုထိခတ်
သွား၏။

ကွဲအက်တဲ့မြေကြီးတိမ်လွှာကြားထဲကအညွှန့်အညှောင့်လေးအဖြစ်ရအောင်ထိုးထွက်
တတ်တဲ့ အပင်ငယ်လေးတွေကတချိန်မှာပွင့်
ဝေဆာတဲ့ လှပတဲ့ပန်းလေးတစ်ပွင့်ဖန်ဆင်း
ပေးပါ၏။

မာကျောတဲ့မြေစိုင်မြေခဲတွေကိုရအောင်ထိုး
ဖောက်ပြီးရှင်သန်လေသလို မြင့်မားခေါင်
ခိုက်လှတဲ့မာနဆိုတဲ့ အတ္တဆန်ဆန်တွေရဲ့
ကြား အချစ်ဆိုတဲ့အရာကကျည်ဆန်တစ်ခု
ကဲ့သို့ ထုတ်ချည်းပေါက်ဝင်ရောက်နေခဲ့လေ
ပြီ။

အင်း.....နှလုံးသားတည့်တည့်ကို သ်ိပ်ကို
လက်တည့်ချက်ပဲ။

"ခွင့်ပြုမယ်မလား"

ဟု တည်စေရာမိုင်က ခွင့်တောင်းလေ၏။

"ငါစဥ်းစားလိုက်ဦးမယ်...မင်းဘယ်နေ့သွား
မှာလဲ....ပြန်လာမယ်မလား"

နိူင်းရဲ့ ထိုစကားကိုကြားတော့ တည်စေရာမိုင်က ဟက်ဟက်ပက်ပက်ရယ်မောလေ၏။
တချက် ငိုင်ခနဲ့ဖြစ်သွားရလေတဲ့ နိူင်းရဲ့ပုံစံ
လေးက ထုံပေပေလေးဖြစ်နေသည့် ဟန်ပန်
အမူအရာလေးကသိပ်ကိုချစ်ဖို့ကောင်း၏။

"ဟေ့...ဘာရယ်တာလဲ"

"သန်ဘက်ခါ...မစိုးရိမ်ပါနဲ့၊ ပြန်လာမှာပါစောင့်နေမယ်မဟုတ်လား"

ဟုပြောတော့ ငိုင်တွေနေရာမှ မျက်ခုံးလေးပင့်၍....။

"မင်းဟာက အဲ့လောက်တောင်မြန်လှချည်လား...စောင့်မနေပါဘူး...နော်"

"ငါအသက်မသေသေးရင်တော့ ပြန်တွေ့ရတာပေါ့"

"မင်းစကားကို ကောင်းတဲ့ဘက်ကပြောစမ်းပါ....ချီးပဲ!"

နိူင်းရဲ့ ရွဲ့တဲ့တဲ့စကားတွေကို ကြားရသူနား
ရည်ဝနေတဲ့သူအဖို့ အနီးကပ်တရင်းတနှီး
ပေါင်းဖက်နေရတဲ့သူဆိုတော့ ဓာတ်သိနေပြီး
သားမို့ငြင်းခုန်နေတာမျိုး တစ်စုံတစ်ရာမပြု
တော့ပဲ...သူလေးကိုသာတိုး၍ဖက်အိပ်လိုက်
လေသည်။

>>>>>>>>>>

ကျယ်ဝန်းသည့်အခန်းတစ်ခု.....

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now