Chapter...32

27.7K 1.7K 75
                                    

"ကို...ဒီအခန်းကမင်းအခန်းလား"

"အင်း...အချစ်ရဲ့အခန်းနဲ့ယှဥ်ရင်ဂျပိုးနဲ့လိပ်ပဲမလား...အပြင်အဆင်၊ဖွဲ့စည်းပုံက ယှဥ်လို့မရအောင်ခြားနားတယ်"

"ဘယ်သူပြောတာလဲ"

"ကိုပြောတာ...ကြည့်လေကိုယ့်အခန်းကစုတ်ပဲ့လွန်းတယ်...အချစ်နဲ့ဘယ်လိုမှမအပ်စပ်"

ဟု တည်စေရာမိုင်စကားပင်ဆက်ပြောမနိင်လောက်အောင် နိူင်းကအပြုအမူတစ်ခုကိုလုပ်ပြလိုက်တာကြောင့် ပါးစပ်အဟောင်း
သားဖြင့် အမြန်တားလိုက်ရ၏။

"ဟိတ်....ဘာတွေလျှောက်လုပ်နေတာလဲ"

နိူင်းက အပြောနဲ့မဟုတ် ခန္ဓာကိုယ်နဲ့ပါသက်
သေပြလိုက်၏။

မည်သို့ဆိုသည်မှာကတော့.....တည်စေရာမိုင်အိပ်ခဲ့တဲ့ တယောက်အိပ်ကုတင်ခပ်နွမ်းနွမ်းလေးပေါ်တတ်လှဲပြီးစောင်လေးခြုံပြွးကွေးကွေးလေးအိပ်ပြလိုက်၏။

အံမယ်...သူကိုတောင်လာလေဟုဆိုကာ ဟိုဘက်ကိုအနည်းငယ်တိုးလို့ရသလောက်ကပ်တိုးပေးပြီး ဘေးကအိပ်ရာပေါ်လက်နဲ့တဖုန်း
ဖုန်းရိုက်ပြပြီးခေါ်လိုက်၏။

"အချစ်ရာ...မဟုတ်ကတွေမလုပ်စမ်းပါနဲ့"

"ငါ့ယောကျ်ားအိပ်ရာပေါ်အိပ်တာမဟုတ်ကတဲ့လား...မင်းဘာတွေဖြစ်နေတာလဲ"

"မင်းကဒီလိုနေရာမှာအိပ်ရမဲ့အဆင့်အတန်းမှမဟုတ်ပဲ...အမေ့ကိုနူတ်ဆက်ပြီးပြန်ကြရအောင်"

"ဘယ်သူကဒီနေ့ပြန်မယ်ပြောနေလို့လဲ...ဒီနေ့ဒီအိမ်မှာအိပ်မှာ"

"ဘယ်လို....ဒီညဒီအိမ်မှာအိပ်မယ်ဟုတ်စ"

"ဟုတ်တယ်...မေမေ့ကိုတစ်ခါတည်းပြောပြီးထွက်လာတာသူငယ်ချင်းအိမ်မှာပါညအိပ်မယ်ဆိုပြီး"

ကြားရတဲ့စကားက မယုံနိင်တာထက် ရွှေမင်းသားလေးကတဲစုတ်ကလေးမှာအိပ်မယ်
ဆိုတာလေးကို အံ့သြမှင်သက်မိတာ။

"အားး...ငါ့ယောကျ်ားရဲ့ကုတင်လေးကကောင်းလိုက်တာ..."

ခြေပစ်လက်ပစ်အကြောဆန့်ပြပြီး အသံကောင်းဟစ်ပြလိုက်ကာ နှုတ်ခမ်းလေး
တစ်ဆူဆူဖြင့် ပိုပိုသာသာလေးနေလို့ထိုင်လို့
ကောင်းကြောင်း လေသံဟစ်လိုက်၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now