Chapter...37

24.6K 1.5K 29
                                    

အသံလားရာပိုင်ရှင်က သူ့ဆီကိုသာတည့်မတ်စွာ ချိန်ဆလျက်
ပြောလာတာကြောင့် တည်စေရာမိုင် မျက်ခုံးအသာပင့်ပြီး ပြုံး
ယောင်သန်းလိုက်၏။

ယောက်ျားပီသလွန်းတဲ့ မေးရိုးတွေကထင်းစွာ ရီဝေတဲ့အ
ကြည့်စူးစူးဖြင့် ဆုပ်ကိုင်ထားတဲ့လက်အစုံကို ညှစ်လိုက်တာ
များ တင်းခနဲ့။

"မင်းကိုပြန်မတွေ့ရတော့ဘူး ထင်ခဲ့တာ"

"မင်းမသေသေးဘူးလား"

"အခုမှပြန်တွေ့ရတဲ့သူငယ်ချင်းကို ပြောပုံကြီးကကွာ၊ဒါနဲ့မင်း
တော်တော် ချောမောခန့်ညားလာပါလား"

အီသန်က အတည်ပေါက်ကြီးနဲ့စနောက်နေပေမဲ့လည်း တည်
စေရာမိုင်ရဲ့ မျက်နှာပုံကျကတည်ကြည်စွာနဲ့ နှုတ်ခမ်းတွန့်ရုံ
မျှသာပြုံးပြီး ဘေးနားက မေးခွန်းပေါင်းများစွာနှင့် တွေးဆ
နေလေတော့မဲ့ မျက်ဝန်းတောက်တောက်ပိုင်ရှင်လေးကိုသာ
စိတ်ထဲ တွင်ရှိလေ၏။

သူပိုင်တဲ့အရာလေးက ထိပ်တန်းဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းခေါင်း
ဆောင်တယောက်ရဲ့သားဆိုတာကို ရိပ်မိသွားလို့မဖြစ်ချေ။

မတွေ့တာကြာပြီဖြစ်ပေမဲ့ အံ့သြရိပ်ပင်မပြပဲ အရင်ကပုံရိပ်
တွေအတိုင်း တုန်လှုပ်ခြင်းအလျဉ်းမရှိ၊ မကြောက်မရွံတဲ့မျက်
ဝန်းတွေဖြင့် ဝံပုလွေနက်တစ်ကောင်အလား မျက်ဝန်းတွေက
စူးရှတည်ငြိမ်လျက် ခပ်တင်းတင်းပဲပြန်လည်တုန့်ပြန်လာမူ
တွေကို အထွေအထူးစိတ်ထဲမဖြစ်နေ။

အဘယ်ကြောင့်ဆိုသော် တည်စေရာမိုင် ကဘယ်လိုစိတ်နဲ့
အသက်ရှင်ရပ်တည်နေတဲ့ လူဆိုတာအသိဆုံးမို့ပင်။

မလွှတ်တမ်းဆုပ်ကိုင်ထားပါတဲ့ ကောင်လေးဟုထင်ရလောက်
သည့် သက်ရှိလေးက အကဲခတ်ကြည့်ပုံအရ တည်စေရာမိုင်
ရဲ့ အရေးပါဆုံးလူဆိုတာ ရိပ်မိလေ၏။

"မင်းဒီလောကထဲဝင်လာလိမ့်မယ်လို့ငါမတွေးမိခဲ့ဘူး၊ကြည့်ရ
တာ ငါ့တွေးဆမူတွေမှားယွန်းနေပုံပဲ၊ ဘယ်အရာကများဖိအား
ဖြစ်စေတာလဲ"

"လာရင်းကိစ္စက"

"Blue Diamond ဂိုဏ်းထဲကို ငါဝင်ရောက်ပြီးနောက်
ပိုင်း ဒီလောကမှာကျင်လည်ခဲ့ပြီး မင်းသတင်းကိုနားစွင့်နေခဲ့
တာ ၊ခက်တာက မင်းကယောင်လို့တောင်ဒီလောကထဲဝင်မ
ရောက်ခဲ့ဘူး"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now