Chapter ...44

29.4K 1.4K 38
                                    

အနောက်ကနေ ပီကေလေးလိုကပ်၍တကောက်ကောက်နှင့်
မုန်လာဥလေးကို ထွေးပိုက်ကာ သူ့လက်မောင်းကိုချိတ်၍
လိုက်ပါလေသည့် နိုင်း။

ထိုကောင်လေးရဲ့ မျက်ဝန်းရိပ်တွေက ကြောက်ရွံတုန်လှုပ်နေ
ခြင်းတစ်စိုးတစ်စီမျှ ရှာမတွေ့လေစွာ အရာရာကိုရင်ဆိုင်
ဖြတ်ကျော်ဖို့အသင့်အနေအထားဖြင့် မထူးဆန်းလေတဲ့အ
ကြည့်စူးစူးတွေဖြင့်။

အကြောင်းမူကား သိပ်ချစ်ရသောအမျိုးသားနှင့် မြတ်နိုးရပါ
သော မုန်လာဥလေး၊ ထိုလူသားအမျိုးသားနှစ်ယောက်နဲ့တင်
နိုင်းရဲ့ သွေးကြောထဲသတ္တိတွေအပြည့်ပါပင်။

ပင်ရင်းစွဲ စိတ်ဓာတ်မာကျောခက်ထန်၍ မာနကြီးခဲ့သူဖြစ်ပြီး
ယခုအလှည့်အပြောင်းဘဝမှာ နိုင်းအတွက်သိပ်ကိုကြမ်း
တမ်းခက်ခဲလိမ့်မှာမလွဲဧကန်ပေမဲ့ အကြောတင်းသူလေးရဲ့
နှုတ်ခမ်းထက်မှာတော့ အမျိုးသားနှစ်ယောက်နဲ့အတူရှိနေ
ခြင်းကပင် ပြုံးနေပေချေ၏။

အင်းးး အချစ်ဆိုတာ တွက်ရခက်တဲ့ပုစ္ဆာထက်ပို၍ နက်နဲ
လွန်းလှပေ၏။

"ဟော့ဗျာ...တစ်သီတစ်တန်းကြီးပါလား"

ဟု လောင်းကစားရုံထဲရောက်နှင့်နေပြီဖြစ်တဲ့ ဒန်နီယယ်က
ရွှတ်နောက်နောက်နဲ့ စနောက်ဟန်ပြုပြီး နှုတ်ခမ်းထက်က
အကြောင်းသိဟန်ပြုံးတစ်ခုဖြင့်။

"အဟက်!"

ရယ်သံခပ်နှောနှောဖြင့်နှုတ်ခမ်းစောင်းလေးကိုရွဲ၍...

ဘေးနားက ဂျိတ်စ်ကို မျက်စပစ်ပြီးမျက်ခုံးပင့်ပြလိုက်သည့်
တည်စေရာမိုင်။

စကားအထွေအထူးမပြောတတ်တဲ့ တည်စေရာမိုင်ရဲ့ရွဲ့တဲ့တဲ့
အမူအရာကပင် နိုင်းအတွက်ငေးမိစေရာ။ ထိုကြောင့်လည်း
လူဇိုးလေးကို နိုင်းလိုမာနမင်းသားလေးက အဘယ်ကြောင့်
ဤမျှချစ်မိသွားစေလည်းပင်မသိတော့။

တကယ်ပါ ကိုယ်တိုင်ပင်ယုံနိင်ဖွယ်မရှိအောင် လက်ထဲကအ
နှီးဖြူထုတ်လေးထဲက မုန်လာဥလေးကသက်သေပြနေပေ၏။

ချစ်ရသူရဲ့သွေးသားဖြစ်တည်နေပြီဆိုတော့လည်း မကြောက်
မရွံ ဖေဖေတို့ရှေ့မှာ စိတ်ကိုတင်းအံ့ကိုခဲ၍ နိုင်းသူ့ကိုချစ်မိ
သည့်စိတ်တစ်ခုတည်းနဲ့တင် အရာရာကိုရင်ဆိုင်ဖြတ်ကျော်မိ
ခဲ့ခြင်း။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now