Chapter...42

25.3K 1.6K 84
                                    

"ကိုကိုတို့ ဂျာမနီကို ပြောင်းရွေ့နေကြရအောင်ကလေး"

"ဘယ်လို...ဂျာမနီကိုဟုတ်လား"

အဆက်အစပ်မရှိ ဗြုန်းစားကြီးပြောလာတဲ့ ကိုကိုရဲ့စကား
နဲ့ အတူအလျင်လိုမူတွေနဲ့ ဆုံးဖြတ်ချက်ပြတ်သားနေတဲ့မျက်
ဝန်းအကြည့်တွေက သက်သေပြနေလေ၏။

သို့သော် ဒီမွေးရပ်မြေကို စွန့်ခွာသွားဖို့ဆိုတာကတော့ နိုင်း
မည်သိုပင်မှ စိတိမကူးခဲ့။

အံ့သြမူအရိပ်အမွှန်လေးနဲ့အတူ အကျီအောက်နားစလေးကို
ခပ်ဖွဖွဆုပ်ကိုင်ရင်း အတွေးနယ်ချဲ့မိလေသည့်နိုင်း။

"ကလေး ဘာတွေးနေတယ်ဆိုတာသိပါတယ်၊ ဂျာမနီမှာ အ
ခက်အခဲမရှိအောင်အကုန်စီစဉ်ပြီးပြီမို့ ကလေးစိတ်မပူစရာမ
ရှိပါဘူးကွာ"

"အို...မဟုတ်ဘူး၊ မဟုတ်သေးဘူး"

အတွေးများနေလေတဲ့ နိုင်းရဲ့လက်ဖဝါးနုနုကို ဖေးမဆုပ်ကိုင်
ပြီး ပြောလိုက်ပေမဲ့ ဆတ်ခနဲ့ ပြန်ရုမ်းထွက်ရင်းအကြောက်အ
ကန်ငြင်းပယ်ကာ ခေါင်းလေးတွင်တွင်ခါမိလေ၏။

စိတ်ထဲ ကောင်းမွန်လေတဲ့နေရာသစ်တစ်ခုဖြစ်မှန်းသိနေပေမဲ့
ရင်ထဲမှာတော့ ထွက်ခွာမသွားချင်အောင်ငြင်းဆန်ချင်မိလေ
သည်။

"ဘာကိုမဟုတ်တာလဲကလေး...ကလေးဘက်ကအကြောင်း
ပြချက်တွေရှိနေလို့လား"

"ဟင့်အင်း...မရှိဘူး၊ သွားလည်းမသွားနိင်ဘူး၊ ဟို! မသွား
နိင်သေးဘူး ကိုကို"

"ကလေးစိတ်ထဲ အခုထိ စွဲလန်းနေတုန်းလား၊ ကိုကိုနဲ့သား
လေးရှိနေပြီပဲ မလုံလောက်သေးဘူးလားကလေးရယ်"

ညိုးငယ်ဖျော့တော့သိမ့်ငယ်လေတဲ့ မျက်ဝန်းတွေနဲ့ အသနား
ခံနေတဲ့ကိုကို့ကို နိုင်းမသနားနိင်၊ နိုင်း ဒီဘဝသစ်မှာ ဟန်
ဆောင်နေရတဲ့ အဖြစ်ကိုပဲသနားမိနေလေတာ။

"နိုင်းကို ပျားရည်နဲ့ဝမ်းမချပါနဲ့၊ နိုင်းအနားမှာနေပေးနေပြီး
နိုင်းစိတ်ကိုမသိရလေအောင် ကိုကိုညံ့ဖျင်းလွန်းအားကြီး
တယ်...နိုင်း ဖြစ်ချင်တာက "

"ကလေး!! သားလေးက ကိုကို့ရဲ့သားပါ၊ ပျော်ရွှင်နေပြီးနေ
သားကျနေတဲ့ဘဝလေးကို ထပ်မံပျော်ရွှင်ရအောင် ကလေး
ဖြည့်ဆည်းပေးမယ်မဟုတ်လား၊ ဒီပတ်ဝန်းကျင်အသိုင်းအ
ဝိုင်းမှာ ကိုကို့သားလေးကို ယုံထင်ကြောင်ထင်မကြီးပြင်းစေ
ချင်ဘူး၊ ကိုကို့စကားကို နားထောင်ပေးမယ်မဟုတ်လား၊ ပြီး
ခဲ့တာတွေ မေ့လိုက်ပါတော့ကလေးရယ်"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now