Chapter...29

26.8K 1.8K 83
                                    

ကြားရတဲ့စကားကိုမယုံရဲ၊ မယုံနိင်တာဆိုရင်
ပိုမှန်လိမ့်မည်။ မေမေပြောတဲ့စကားက နိူင်း
ရဲ့နားစည်ကို ပဲ့တင်ဟိန်းသံတွေ ထပ်နေအောင် ပူလောင်နေတဲ့ ရေပူစမ်းတစ်ခုနှယ်
ရင်ထဲသို့ ဖြတ်ကျော်စီးနင်းသွားကာ အသံ
လှိုင်းတို့ကယုံနိင်ဖွယ်ရာမရှိ။

ဘာတဲ့....မမကိုသူနဲ့တဲ့လား။

မဖြစ်နိင်တာတွေ၊မဖြစ်နိင်တာ၊ လုံးဝအဓိပါယ်မရှိလေတဲ့စကားတွေလည်း အလကားပြောလို့ရတိုင်း ပြောသင့်တဲ့စကားတွေမှဟုတ်ပါလေစ။

ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလွှာနှစ်ပါး
ကတုန်ယင်နေသည့်အလျှောက် မို့မောက်တဲ့
နှုတ်ခမ်းပါးလေးတွေက ထင်သာမြင်သာဖူး
ငုံ့ကာ အေးစက်တို့ထိတဲ့အငွေ့အသက်ကိုပင်
ခံစားရလေ၏။

"ဒီစကားတွေကအမှန်ကောဟုတ်ရဲ့လားမေမေ"

"သူကတော့အဲ့လိုပြောသွားတာပဲ သားနိူင်း"

မေမေပြောတဲ့သူဆိုသည့်သူက ဖေဖေ။

"ဖေဖေက အဲ့စကားကိုအမိန့်တစ်ခုကိုနာခံရမဲ့
သဘောနဲ့တဲ့လား"

"တယူသန်သမား၊ တစ်ကိုယ်ကောင်းစိတ်သမား၊ သူဖြစ်ချင်တာကိုအရေးတယူပြီးပြောသွားတာ သမီးလမင်းရဲ့ဆန္ဒကို ဦးစား
ပေးပြီးဖြစ်သင့်တာလုပ်သင့်တာ"

ဟုမေမေပြောလိုက်လေတော့ နိူင်းရဲ့မျက်နှာ
လေးကအလိုလို မမလမင်းဆီခိုဝဲသွားရလေ
သည်။

လမင်းကတော့ ဘယ်သူကိုမှစေ့စေ့မကြည့်ရဲ
လေသည့် ရှက်စိတ်သွေးဖြန်းနေတဲ့မျက်နှာ
လေးဖြင့်ခေါင်းလေးကိုငုံ့ကာ လက်နှစ်ဖက်ကိုအချင်းချင်းဖျစ်ညှစ်ပြီးဆုပ်နယ်နေလေ
သည်။

"မမလမင်းကကော သဘောတူလား"

"ဘယ်သဘောတူလိမ့်မလဲ၊ သူ့အဖေကိုကြောက်လို့မလွန်ဆန်ရဲလို့သာ ဆန္ဒရှိသယောင်ဟန်ဆောင်ပြီးခေါင်းငြိမ့်လိုက်ရတာ"

ဟင့်အင်း...နိူင်းသိချင်တာ၊ကြားချင်တာက
မေမေရဲ့ကြားဖြတ်စကားတွေမှမဟုတ်တာ။
မမလမင်းရဲ့နူတ်ဖျားက ဒီမင်္ဂလာကိစ္စကိုသ
ဘောတူခဲ့လား၊ စိတ်ဆန္ဒပြင်းပြစွာနဲ့ခေါင်းငြိမ့်ခဲ့လေသလား၊ဒါကို သိချင်နေသည့်ဥစ္စာ။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now