Chapter...18

30.3K 1.8K 41
                                    

ဆိုင်အတွင်းအပြင်အဆင်က မသားမနားနုံချာ
ချာ နွမ်းဖတ်ပြီး ဟောင်းနွမ်းအိုမင်းတဲ့ဆိုင်ရဲ့
တည်ရှိမူသက်တမ်းနှင့်အတူ အောက်ခြေလူ
ဆိုးလူမိုက်တွေရဲ့ မှီခိုရာလည်းဖြစ်သလို လျို့
ဝှက်ချက်စကားများ ဖလှယ်ရာတစ်ခုလည်း
ဖြစ်သည့် barတစ်ခု..။

barကိုရောက်လာကြသည့် လူဆိုးလူမိုက်တွေ
ရဲ့ ဝတ်ဆင်ပုံတွေကလည်း မပြောင်မရောင်​တောက်ပြောင်မူမရှိကြ...အောက်ခြေလူဆိုးလူမိုက်တွေဟုပြောယူရလောက်အောင် မခမ်း
နားလှတဲ့ ဝတ်စားဆင်ယင်ပုံတွေက ဂိုဏ်းအ
ဆင့်တစ်ခုကိုပြသနေပါ၏။

"ငါ့ နာမည်က တည်စေရာမိုင်"

မီးကိုရေနဲ့ ငြိမ်းသတ်လိုက်သည့်နှယ် barအ
တွင်းဆူညံနေတဲ့ တစ်ယောက်တစ်ပေါက်အ
သံတွေက အပ်ကျသံပင်မကြားလောက်
အောင် ရှဲခနဲ့ တိတ်ဆိတ်ကာ ထိုအသံလားရာ
ဘက်ဆီ အကြည့်တွေအားလုံးက အာရုံစူး
စိုက်သွားကြပါ၏။

"မင်းက တည်စေရာမိုင်ဆိုတာ ငါတို့ကဘယ်
လိုယုံရမလဲ"

" တည်စေရာမိုင်ပါဆိုပြီး ငါတို့ကိုအချဥ်ဖမ်း
လို့ရမယ်ထင်တာလား"

"ဒီကောင်က သူ့သေတွင်းသူတူးနေတာပဲ"

ကြို့ကြားကြို့ကြား အသံတွေက မယုံသင်္ကါ
ဖြစ်ကြတဲ့ လေသံအရိပ်အယောင်တွေရော
နှောနေပါ၏။ မဖြစ်နိင်ဘူး ထင်မြင်ယူဆချက်
တွေနဲ့ ရောပြွတ်သိပ့်နေတဲ့ အကြည့်တွေက
များစွာ...။

"ခင်ဗျားတို့က မယုံကြည်နိင်ဘူးဆိုပါတော့"

"မင်းလို အယုံသွင်းပြီး အာဏာနဲ့ လူရှိန်
အောင်လုပ်ချင်ကြတဲ့ သူတွေနောက်ဆုံးမှာ
တမလွန်ကို ကူးပြောင်းသွားကြတဲ့ ဇာတ်
လမ်းလေးကို နားထောင်မလား"

တည်စေရာမိုင် ဟူသော နာမ်စားက အထက်
တန်းဂိုဏ်းတွေတင်မက အခုလို နေရာမှာ
ကျင်လည်ကျက်စားကြသည့် ပတ်ဝန်းကျင်
နှင့်သူတို့ကြား၌ပင် နာမည်ကြီးသောသူတစ်
ယောက်ဖြစ်၏။

အထက်တန်းမြေအောက်ဂိုဏ်းအဖွဲ့အစည်း
တွေက ဟိတ်ဟန်ရှိတယ်၊ ဂုဏ်သိက္ခာရှိကြသ
လို ဘယ်နေရာမဆိုမျက်နှာပန်းလှအောင်သွား
လာရဲသလို နေထိုင်ရသည့်ဂိုဏ်းသားတွေရဲ့
ဘဝကလည်း သူတို့ဘဝနှင့်ဆီနဲ့ရေလို...။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now