Chapter...25

30.3K 1.7K 49
                                    

ခရီးဝေးတစ်ခုကို ထွက်ခွာရမည့် တစ်မနက်
ခင်းကအစပြုလေ၏။နေရောင်မမြင်ရသေး
တဲ့ ညအလင်းရောင်ခပ်သဲ့သဲ့ ဖြာကျနေသေး
ပေမဲ့ သူလေးအနားက သွားဖို့အတွက်အချိန်
တန်လေပြီ။

ညက နှစ်ဦးသဘောတူချစ်ကြည်နူးခဲ့ရတဲ့အ
ချိန်လေးက ခပ်ရှားရှားရယ်။ နှစ်ယောက်လုံး
စကားပြောဆိုရာမှာ အစေးမကပ်သေးပေမဲ့
အပြုအမူ ထိတွေ့မူလေးတွေက ဂရုတစိုက်နဲ့
ရွဲ့သလိုဘုတောပြောသလိုလေးတွေကနေ
အပြုံးလေးတွေဆင်မြန်းလာလေပြီ။

ရင်ခွင်ထဲ တင်းကျပ်နေအောင်ဖက်တွယ်
ထားသည့် လက်ကလေးတွေကိုအသာဖယ်
ထုတ်ပြီး အိပ်ရာမှထသွားဖို့ဟန်ပြင်လိုက်ပေ
မဲ့ ထပ်မံပြီး အင့်ခနဲ့အသံထွက်ကာ ရင်ခွင်ထဲ
ခေါင်းလေးတိုးဝင်လာပြန်လေသည်။

ချစ်ချင်စရာခေါင်းလုံးလုံးလေးကို တစ်ချက်
ငုံ့နမ်းလိုက်ပြီး မသိမသာသက်မချလိုက်၏။
တစ်ရိပ်ရိပ်နဲ့ ရင်ဘတ်ထဲဆူးတစ်ချောင်းလို
စိုက်ဝင်လာတဲ့ အချစ်တစ်ခုကို အရေးတယူ
အလေးအနက်ထားချစ်မိချင်လာမိပြီ။

မုန်းပါတယ်၊အမြင်ကပ်ပါတယ်ဆိုတဲ့ကောင်
လေးကို မာနထိပါးတဲ့အတွက် ခံပြင်းစိတ်
တွေနဲ့ ချဥ်းကပ်ပြီးအပိုင်သိမ်းမိခဲ့တဲ့ ရွှေမာန
မင်းသားလေးကိုမြင်ရတဲ့အခါတိုင်း မုန်းစိတ်
တွေပြေပျောက်လို့ ချစ်မျက်ဝန်းတွေနဲ့ကြည့်
မိလာလေပြီ။

သို့သော်ငြား...ထပ်တူထပ်မျှနိူင်းကကော သူ့
အပေါ် ချစ်မိလေပြီလား။

ညက ကို ဆိုတဲ့အသံလေးနဲ့တင် တစ်ကိုယ်
လုံးရပ်တန့်ကာ သွေးပြောင်းပြန်စီးသွားသလို
အံ့သြမှင်သက်သွားမိ၏။ ရင်ခုန်သွားတယ်
ဆိုတာ အမှန်ပါပဲ။

"မင်းရဲ့ ကို ဆိုတဲ့အသံလေးနဲ့တင် ငါအသက်
ရှင်နေသေးတာ ကံကောင်းမူပဲလို့ ပထမဆုံး
တွေးမိသွားစေတယ် နိူင်း"

အိပ်မောကျနေသည့် သူလေးကို နောက်ပြန်
လှည့်ကြည့်နေမိရင်း နှုတ်ခမ်းပါးကအပြုံး
တွေကတည့်မတ်စွာ သူလေးဆီသို့။

ဒီခရီးကပြန်လာရင်တော့ မာနမင်းသားလေး
ရဲ့ မျက်နှာနုနုလေးကို တငေးတမော မျှော်
လင့်နေပေဦးမည်။အခုတော့ သူလေးအိပ်ပါ
စေတော့၊မနှုတ်ဆက်သွားတာက မင်းလေး
မနာကျင်စေဖို့အတွက်ပါ။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now