Chapter...31

27.6K 1.8K 131
                                    

ဝိုင်းစက်လုံးဝန်းတဲ့မျက်ဝန်းလဲ့လဲ့တွေက
အရည်ကြည်တွေ ဝဲခိုရစ်သီ၍ မျက်တောင်လေးများကပုတ်ခတ်ပုတ်ခတ်...။

ဒါကဘာနဲ့တူလဲဆိုရင် နှင်းမှုန်ဖွားဖွားတွေရဲ့
ဖြူဖွေးဖွေး စုတ်ချက်တွေကြားမှာ ပထမဆုံး
ကျလာတဲ့နှင်းတွေကိုမြင်လိုက်ရတဲ့အချစ်ကို
တောင့်တမျှော်လင့်မိနေပါတဲ့ လူသားလေးတစ်ဦးပမာ။

မင်းသိလား....ပထမဆုံးနှင်းကျတာကိုတွေ့ကြုံလိုက်ရရင် ဆုတောင်းပြည့်တယ်တဲ့လေ။

ဆုတောင်းပြည့်ရမယ်ဆိုရင် မင်းငါ့ကိုနောက်
ဘဝတွေထိချစ်သွားပါစေ...။

"မင်းကငါ့ကိုချစ်တယ်တဲ့လား"

ဟု နိူင်းကအသံလေးတုန်တုန်ယင်ယင်ဖြင့်မျက်တောင်မခတ်တမ်း သူ့ကိုစိုက်ကြည့်၍
မေးရှာလာသည်။

အတွေးတွေဖြန့်ကျန့်လျက် ဧကန္တသူများငါ့ကိုပိုမုန်းသွားလေသလား။

"ငါမင်းကိုအရမ်းချစ်တယ်...သေချာမှပြောချင်ခဲ့တဲ့ စကားတစ်ခွန်းပါ...မင်းငါ့ကိုမုန်းနေဦးမယ်ဆိုပေမဲ့"

ပြောနေရင်း သက်ပြင်းတစ်ချက်ကခပ်ဖွဖွ...။

"အင်း...မုန်းတယ်...သိပ်မုန်းတယ်"

တွေ့လား....ဟူးးးကံကြမ္မာက တည်စေရာမိုင်
ဆိုတဲ့ကျွန်တော်ကို ဆုတောင်းခွင့်လည်းမပေး...ပထမဆုံးတောင်းမိတဲ့ဆုတောင်းလေး
တောင်ပြည့်ရှာအောင် မဖြည့်စွမ်းပေးနိင်ဘူး။

ဘယ်လောက်ရက်စက်လိုက်လဲ...။

ဒါပေါ့....သူလိုလူက လူမသိအောင်လက်ထပ်
ထားတာနဲ့ပိုင်သွားပြီလို့ တန်းလာညှိလို့ရမယ်
ထင်လို့လား။

ညိုးနွမ်းဖျော့တော့တော့ မျက်ဝန်းတွေဖြင့်
သိမ်ငယ်သွားလေတဲ့မျက်ဝန်းတွေဖြင့် သူနား
လည်တယ်ဆိုတဲ့ အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လာလေသည်။

သူကပြောလိုက်သေး...သူသိပြီးသားပါတဲ့လေ။

ပျော်မြူးပြုံးရွှင်နေကြတဲ့ ကစားကွင်းကိုလာ
ရောက်သူတွေရဲ့ကြား မျက်နှာချင်းဆိုင်ရပ်၍
သက်ပြင်းတချချ စိတ်ပျက်အားငယ်နေရှာတဲ့ကမ္ဘာအသည်းကွဲနိင်ဆုံးလူသား။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now