Chapter...38

23.2K 1.5K 31
                                    

တရွေ့ရွေ့သွားနေတဲ့ အချိန်စက်ကွင်းကပုံမှန်လည်ပတ်နေဆဲ
ဖြစ်သလို တယောက်နဲ့တယောက် မျက်လုံးအကြည့်တွေဖြင့်
အကဲခတ်ကြည့်ရင်း အရိပ်အခြည်ကြည့်ကာ စိတ်ထဲအတွေး
များစွာကွန်မြူးနေကြလျက်ရှိသည့် နေရာတစ်ခု။

ချစ်ရသူလေးရဲ့ အိပ်ချင်မူးတူးဖြစ်နေပြီဟန် မျက်လုံးခပ်မှေး
မှေးလေးတွေက တစ်ချက်တစ်ချက်မှာ အရှေ့သို့ငိုက်မြည်း
သွားပေမဲ့ ဖမ်းဆီးပြီးရင်ခွင်ထဲခိုနားခိုင်းမဲ့သူကအဆင့်သင့်။

"နိုင်းတို့ ဘယ်မှာအိပ်ကြမှာလဲဟင်"

ဟု အသံခပ်မျဉ်းမျဉ်းလေးဖြင့် မေးလာကာ အိပ်ချင်လို့ဂျီကျ
နေလေသည့် ကြောင်ပေါက်လေးအလား။

ဒီနေရာကိုစရောက်တဲ့အချိန်တည်းက တအံ့တသြမျက်လုံး
လေးတွေဖြင့် ရင်ခွင်ထဲကရုမ်းမထွက်နိင်ပဲ ယခုလည်းဒင်း
လေးက ပေါင်ပေါ်သို့ တတ်ထိုင်တော့မည်အလား။

"အိပ်ချင်ပြီလား"

"ဟုတ်"

"ဒီကသူတွေနဲ့ အတူရောအိပ်ကြမှာ"

"ဟင်းး" ဟု သက်ပြင်းခပ်ရှည်ရှည် လေသံလေးဆွဲလျက်နှုတ်
ခမ်းလေးဆူကာ စိတ်ထဲ မကြိုက်လေဟန် အတွေးများဖြတ်
ပြေးသွားလေပြီတူသည်။

ဟုတ်ပေသားပဲ...သူလေးက သိပ်ကိုအသန့်သိပ်ကြိုက်ပြီး
သူ့အသားကိုတောင် သူစိမ်းပြင်ပြင်ထိကိုင်မှာ သိပ်ကြောက်
တဲ့မာနမင်းသားလေပဲ။

"အဟက်! အရမ်းမနီးကပ်ပဲ အိပ်ရမှာပါ"

"ဟူး...တော်သေးတာပေါ့၊ နိုင်းက ကိုကလွဲရင်ဘယ်သူမှအ
သားလာထိတာခွင့်ပြုချင်တာမဟုတ်ဘူး..အို!ကုန်ကုန်ပြော
ရရင် အနားလာကပ်တာတောင်မကြိုက်ဘူး"

ထိုစကားလေးကြားပြန်တော့ ပြန်အဖြေမပေးမိပေမဲ့ နဖူး
လေးကိုဖွဖွနမ်းကာ ရီဝေတဲ့အပြူံးတွေနဲ့ ပြုစားပြန်တဲ့ တည်
စေရာမိုင်။

စကားနည်းပြီး အပြုံးအရယ်မရှိပါလေတဲ့ တည်စေရာမိုင်ရဲ့ နှလုံးသား သို့မဟုတ် ဘဝတစ်ခုလုံးစာမှာ နိုင်းက မရှိမဖြစ်
လေတဲ့ အောက်ဆီဂျင်လေပဲမလား။

နိုင်းအတွက်ကျတော့ တည်စေရာမိုင်က ကောင်းကင်ကြီးသ
ဖွယ်အုပ်မိုးထားတဲ့ နေမင်းကြီးလိုပါပဲ။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now