Chapter...39

22.5K 1.5K 23
                                    

အုတ်အုတ်သဲသဲ ဖြစ်ကုန်ကြတဲ့လူအုပ်ကြီးကို တွန်းတိုက်
တွန်းဖယ်ရင်း ရင်ခွင်ထဲက နိုင်းကိုလွတ်ထွက်မသွားအောင်
ကာကွယ်ပေးရင်းမှ အရှေ့တိုင်းသားဆန်စွာ ညက်ညောပြေ
ပြစ်လွန်းတဲ့မျက်နှာပြင်ထက်မှ ခက်ထန်လွန်းလှပေမဲ့ ပို၍ကြည့်ကောင်းနေတာတော့အမှန်ပင်။

စိုးရွံကြောက်ရွံမူအလျဉ်းမရှိလေတဲ့ စိတ်အလျဉ်းက အုပ်မိုး
ထွေးဖက်ထားပေးသူရင်ခွင်ပြင်ကျယ်ကြီးထက်မှာတော့ ပို၍
ခမ်းနားကြီးကျယ်စွာ။

ပင်ကိုယ်ကြောက်ရွံမူနည်းတဲ့ ရဲ့ရင့်တဲ့စိတ်တွေက ထိုအမျိုး
သားနဲ့တွေ့ဆုံလိုက်တိုင်း မည်သူကိုမှ ထိတ်လန့်နေတာမျိုးပင်
မရှိခဲ့။

"အချစ်....!!"

စူးရှရှအော်လိုက်တဲ့အသံရဲ့နောက်မှ ဆွဲမြဲထားတဲ့လက်အစုံ
က ကျွတ်လွတ်သွားလေတဲ့လေဟာနယ်လို။

ပြူးကျယ်သွားလေတဲ့ မျကိဝန်းအစုံနှင့် ကို့ရဲ့စိုးရိမ်တဲ့မျက်
ဝန်းညိုလေးတွေကအဝေးရပ်ဆီမှာ။

ဟင့်အင်း...ကို့ရဲ့ အဲ့လိုမျက်ဝန်းအကြည့်တွေကို နိုင်းလုံးဝ
မကြိုက်ဘူး ကိုရဲ့။

နိုင်းဆီသို့ မြန်ဆန်တဲ့ခြေလှမ်းတွေဖြင့် ပြေးလာတဲ့ကိုက နိုင်း
ကို ဘေးနားကတိုးကြိတ်ရင်း ရုတ်ရင်းဆန်ခတ်ဖြစ်နေတဲ့လူ
တွေကို ရှိသမျှအားနဲ့တွန်းဖယ်ရင်း ကျန်ခဲ့လေတဲ့ သူ့အနား
သို့အပြေးလေးလှမ်းလာလေရဲ့။

"အချစ်....ဘာဖြစ်သွားသေးလဲ"

ပေါ့ပါးစွာ လေပူတစ်ချက်ကိုမူတ်ထုတ်ရင်း အခုမှပခုံးပေါ်က
ဝန်ထုတ်ဝန်ပိုးကြီးတခုလျော့ကျသွားသယောင် ကိုက မလွှတ်
တမ်းဆွဲဖက်ကာ မျက်ဝန်းချင်းအကြည့်ဆုံလျက် မေးလာ၏။

"ကို!...မင်း"

"ကို့ကိုပြန်မပြောနဲ့....ကိုမေးတာဖြေ"

"ကိုအရမ်းနာသွားလားဟင်"

ဟု ငိုသံစွတ်လျက် နိုင်းမျက်ဝန်းမှမျက်ရည်ကြည်တွေစွတ်
လာလျက် မိုးဦးတုတစ်ခုလို ရွာသွန်းမယောင်။

ဟုတ်တယ်လေ။

နိုင်းအပေါ်ကျရောက်မဲ့ ထိခိုက်စေမဲ့အရာကို ကိုကအစားထိုး
ဝင်ခံပေးရင်း နိုင်းကိုရင်ခွင်ထဲက ကလေးလေးတယောက်လို
ပွေ့ဖက်ထားလေတာ။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now