Chapter...23

29.2K 1.8K 90
                                    

"ကလေး...မျက်နှာလည်းမရွှင်လန်းပါလား
ဘာတွေစိတ်တိုင်းမကျဖြစ်နေလို့လဲ"

ကျောင်းပိတ်ရက် အပြင်သို့ကလေးနဲ့ထွက်
လည်ရန် စီစဥ်ထားသည့်အတိုင်း ကားနဲ့ထွက်
လာခဲ့ပေမဲ့ အရင်ကလို ခပ်မြူးမြူးမျက်နှာ
လေးကပျောက်ကွက်လုနီးပါး။

နှုတ်ခမ်းလေးဆူ၍ မျက်ဝန်းရိပ်တွေက တစ်
စုံတစ်ရာကို စိတ်အလိုမကျဖြစ်နေသည့်ဟန်
ပြသနေ၏။

သေချာသည်က အိမ်ကထွက်လာခါစက က
လေးမုန်းနေပါသည့် ဟိုကောင်နဲ့ စိတ်အခန့်မ
သင့်ဖြစ်ခဲ့ရလို့ပဲလား။

ဒါမှမဟုတ်....

ရှင်းရှင်းလင်းလင်းပြောပြရရင် သူကိုယ်တိုင်
လည်းအဲ့ကောင် ကလေးရဲ့အိမ်ကိုရောက်နေ
တာကိုလုံးဝမကြိုက်လှ။ အစတည်းက က
လေးနဲ့တွေ့တိုင်း ပြသနာဖြစ်ရပြီး ကလေးရဲ့
မာနကိုထိပါးစော်ကားနေတဲ့ အခြေအမြစ်မ
ရှိတဲ့လူ၊ တစ်နည်းပြောရရင် ကလေးနဲ့လား
လားမှမအပ်စပ်နိင်တဲ့ သူ့စိတ်ထဲလည်းအမြင်မကြည်လေတဲ့ သူနဲ့တစ်အိမ်တည်း
ကိုကိုက ဘယ်စိတ်ချနိင်မလဲကလေးရာ။

ခရီးထွက်နေသည့်အချိန်တိုလေးအတွင်းမှာ
ဘာတွေဖြစ်ပျက်သွားလဲ မသိခဲ့ပေမဲ့ အခုချိန်
မှာကလေးနဲ့အဲ့ကောင်ကို ခပ်ဝေးဝေးပဲနေခိုင်းချင်မိသည်။

ခက်သည်က....ယောက္ခထီးကြီးဦးမဟာကိုယ်တိုင်က အလုပ်တာဝန်ပေးထားသည်တဲ့။

အဟက်...ဘာတဲ့၊ ကလေးကိုအနီးကပ်စောင့်
ရှောက်ပေးမဲ့ BodyGuard။

"ကလေးကို ကိုကိုမေးချင်တယ်"

"........."

တုန့်ပြန်မေးလာမည့်စကားကို ကလေးက
လက်သင့်ခံသည့်ဟန်ဖြင့် သူ့ဘက်သို့ခေါင်း
လေးစောင်းပြီးငဲ့ကြည့်၏။

"ခုနကတစ်ယောက်ကို ကလေးဘယ်လိုမြင်
မိလဲ"

"ကိုကိုပြောချင်တဲ့စကားရဲ့ သက်ရောက်မူက
ဘယ်လိုမျိုးလဲ...နိူင်းကသူ့ကိုဘယ်လိုမြင်ရ
ဦးမလဲ...ဘယ်လိုမှမမြင်မိဘူး...ဘယ်လိုမှ
လည်း မရိပ်စားမိဘူး"

"ဒါဆို....ကလေးကသူ့ကို အရင်ကလိုမုန်းမြဲ
ပဲမလား"

"အင်း....မုန်းသေးတယ်"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now