Chapter...19

29.2K 1.7K 103
                                    

"အားလုံးအဆင့်သင့်ပဲလား.."

ခံစားချက်မဲ့တဲ့ သွေးမဲ့မျက်နှာပြင်နှင့် သက်
ဝင်လှုပ်ရှားမူ သွက်လက်လွန်းတဲ့ သိမ်းဌက်
လိုစူးရဲတောက်ပလွန်းတဲ့မျက်ဝန်းတွေဖြင့်ရဲ
တင်းလွန်း၍ ပြတ်သားတိရှစေတဲ့အမူအရာ
တွေနဲ့ စမတ်ကျလွန်းလှစွာ။

ဒန်နီယယ်ရဲ့ တိကျတဲ့အသံတစ်ခွန်းရဲ့လေး
နက်မူရဲ့ နောက်ကွယ်၌ အာရုံစူးစိုက်မူတွေရဲ့
ဗဟိုချက် တည်ရှိရာက.....တည်စေရာမိုင်။

ဂျာမနီက ရောက်ရှိလာမည့်လက်နက်ရောင်း
ဝယ်ရေး၌ ဂျာမနီဘက်ကခွေးရူးတစ်ကောင်
ပါလာလေ၏။

ကပြတ်ကချော် နောက်တီးနောက်တောက်
မျက်နှာပေါက်နှင့် သွေးရူးသွေးတန်း သေ
နတ်တစ်ကားကားနဲ့ရက်စက်တတ်တဲ့ လူးဝစ်။

ခပ်တည်တည်မျက်နှာပေါက်နှင့် အပြုံးအ
ရယ်မရှိလေတဲ့ တည်စေရာမိုင်က လက်ထဲက
အသင့်ကိုင်ထားတဲ့သေနတ်ကို မောင်းတင်ပြီးရင်ဘတ်အင်္ကျီကြားထဲ ဝှက်လိုက်ပြီး ဒန်
နီယယ်က်ို ခေါင်းငြိမ့်ပြလိုက်၏။

ဒီလှုပ်ရှားမူကို အဆင့်သင့်ဖြစ်ပြီဟု သဘော
အချက်ပြလိုက်ခြင်းပင်။

ဒါဟာသူ့အတွက် ပထမဆုံးဂိုဏ်းတာဝန်တစ်
ခုဖြစ်သလို ဆက်လက်ပြီးအကြမ်းတမ်းဆုံး
တာဝန်ပေးမူတွေက ဆက်၍စောင့်ကြိုနေ
လေသည်။

>>>>>>>>>>

"မဟာလေး....အိပ်ပုတ်လေး...မထသေးဘူး
လား"

တဖက်က အလုပ်တွေပြီးပြီးချင်း နိူင်းဆီကို
ပြန်ချင်သည့်စိတ်ကကြီးစိုးနေပြီး တွေ့ချင်
သည့်စိတ်က စွဲလမ်းလွန်းနေတာမို့ အချိန်မ
စောင့်ဆိုင်းစေပဲ ချက်ချင်းလေယဥ်ဖြင့် ရောက်အောင်ပြန်လာ လိုက်ခြင်းဖြစ်၏။

"ညက ဘာတွေလုပ်နေလို့အိပ်ရေးပျက်နေလဲ
မသိဘူး...အခုထိကိုမနိုးသေးတာသားရေ"

လည်ပင်းထိ စောင်ကိုခြုံထားကာ ကွေးနေ
အောင်အိပ်နေတဲ့ နိူင်းလေးရဲ့ နီရဲရဲ နှုတ်ခမ်း
လေးကဆူကာ အိပ်မောကျနေပုံလေးကအ
သည်းယားဖို့သိပ်ကောင်းနေပါ၏။

အခန်းထဲဝင်လာပြီး ပါးအိလေးကိုက်ိုင်ကာ
နိူးနေတာတောင် အိပ်ပုတ်လေးက သူပြန်
ရောက်လာတာကိုတောင် မရိပ်မိသေး...။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now