Chapter...45ဇာတ်သိမ်း

43.8K 1.4K 110
                                    

တရွေ့ရွေ့ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက စိန်မာဝတ်စ် ဘုရား
ကျောင်းရဲ့ တံခါးပေါက်ဝကနေ ဦးတည်နေခြင်းသာ။

လွှင့်မျောနေတဲ့ သစ်ရွက်များက လေအလာမှာ လမ်းမကြီးပေါ်
သို့ မြူးတူးပြန့်ကျဲသွားစွာ ခုန်ပေါက်ပြေးလွှားနေရင်း မကြွေ
လွင့်သေးတဲ့ စိမ်းစိုနေသောသစ်ပင်အခတ်တွေကြားကနေ
အလင်းရောင်ကို ကြိုဆိုနေကြလေရဲ့။

ညှင်းသွဲ့သွဲ့လေပြေတွေက ပြတ်သားခက်ထန်တဲ့ မာနတရား
တွေကိုပါ အချစ်တစ်ခုအဖြစ် လှေကားသဖွယ် ရင်ထဲတိုးထိ
ကလူကျီစယ်နေကြလေ၏။

သေချာသည်က နောက်ဆုံးဆိုသည့် အချိန်တစ်ခုကတဖြည်း
ဖြည်း ကျရောက်လာလေပြီ။

"ငါ့ဘာသာအေးဆေးနေရင်အကောင်းသား၊ သူများသားရဲ့ဘ
ဝထဲဝင်ပြီးတော့မှ မလုပ်ဖူးတာတွေလုပ်နေရတော့တယ်ကွာ.
ဟူး"

မုန်လာဥလေးအိပ်နေတုန်း အိမ်ရှေ့မှာအဝတ်တွေ ထိုင်လျှော်
နေလေတဲ့ နိုင်း။

ဆိုတော့...နိုင်းက အဝတ်လျှော်ဖွတ်သည့်ကိစ္စတွေကို တတ်
ကျွမ်း​လေသည့်ကိစ္စဟု အထင်မှားနိင်လိမ့်မည်။

အချစ်သည် အရာရာ စွမ်းဆောင်နိင်လေသည့် စွမ်းအင်တစ်
ခုဖြစ်လေသည့်အတိုင်း ဒီလူဆိုးကောင်နဲ့ညားမှတော့ အပြင်
စရိုက်တွေရဲ့ကြား ကိုယ့်အားကိုယ့်ကိုးဖို့ကလွဲ၍ တခြားမရှိ။

လူဆိုးတယောက်ရဲ့ လက်တွဲဖော်က လိမ္မာယဉ်ကျေးနေတာ
မျိုး မဖြစ်သင့်။

အဝတ်လျှော်သည် ဆိုတာကလည်း အဝတ်တွေကိုရေနဲ့
လောင်း ဆပ်ပြာတွေတတုံးတခဲကြီးနှင့် ဟိုပွတ်ဒီပွတ် ငရုတ်
ဆုံထောင်းသလို ဇောင့်ဇောင့်နဲ့ထောင်းချလိုက်ပြီး ရေဆေး
လိုက်ရုံသာ။

"ဝါးးး..ဖွေးဖြူသွားတာပဲ"

ဟု ကိုယ့်ကိုကိုယ် ချီးမွန်းခန်းဖွင့်နေစဉ်...။

"အချစ်!"

"ကျစ်! ဘာလဲကွာ"

"ဒါ ဘာလုပ်နေတာလဲ၊ အခုချက်ချင်းထစမ်း"

"မမြင်ဘူးလား၊ မင်း အဝတ်တွေလျှော်နေတာလေ၊ အခုချိန်
မှာမင်းအသံဆိုးနဲ့ အော်မဲ့အစား ဇာတ်ကားတွေထဲကလို
အမောပြေ ငါ့ပုခုံးကိုနှိပ်ပြီး ဇတ်ကြောဆွဲပေးသင့်တယ်"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now