Chapter...14

31.7K 1.9K 103
                                    

ခြံထဲသို့ ဝင်လာတဲ့ အနက်ရောင်ကားတစ်စီး
ရဲ့ရှေ့မီးရောင်ကြောင့် ခြံဝမှာစောင့်နေကြ
သည့်အစောင့်များကပြာပြာသလဲလာဖွင့်ကြ
လေ၏။

ကျယ်ဝန်းလှပသည့် ခြံကြီးထဲမှာအစောင့်များ
စွာရှိသလို ဝတ်ဆင်ထားကြသည်များမှာ
လည်းအနက်ရောင်ဝတ်စုံတွေနှင့်ချည်း...အ
စောင့်ဟုဆိုသော်လည်း ဂိုဏ်းသားအများစု
ဖြစ်ဖြစ်ပြီး ကျန်အစောင့်တွေမှာအရင်တည်း
ကလုပ်ကိုင်ကြသည့်လူယုံတော်အလုပ်သမား
တွေပင်ဖြစ်သည်..။

တစ်ခုမတူသည်က ခြံထဲမှာစောင့်ကြပ်နေကြ
သည့်ဂိုဏ်းသားတွေရဲ့လက်ထဲမှာသေနတ်တစ်လက်တော့ ရှိစမြဲပင်။

မြေအောက်ဒိတ်ဒိတ်ကြဲဂိုဏ်းခေါင်းဆောင်ရဲ့
အိမ်ဟုပြောစရာမလိုအောင် စံအိမ်ကြီးမှာခန့်
ညားကြီးကျယ်သလို ခြံဝန်းကြီးမှာလည်း ပြောစရာမလိုအောင် ကျယ်ဝန်း၍လှပလေ
ပြီး နေရာတိုင်းမှာအစောင့်တွေကိုယ်စီစောင့်
ကြည့်နေကြ၏။

ပြိုင်ဘက်ဂိုဏ်းတွေနှင့်မလိုမုန်းထားသူတွေရန်ငြိုးရှိတဲ့သူတွေရဲ့ လုပ်ကြံမူမှ ကာကွယိထား
ခြင်းဖြစ်လေသည်။

"အိမ်ရောက်နေပြီမဆင်းဘူးလားမိန်းမ"

"မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"

"မိန်းမလို့ခေါ်လိုက်တာလေ...အလှလေးရဲ့"

အနားသို့ မျက်နှာတိုးကပ်လာပြီး မထိတထိ
လေယူလေသိမ်း ခပ်တိုးတိုးဖြင့်ပြောကာ အ
မြင်ကပ်အောင် ရယ်ပြလိုက်သေးလေ၏။

သူ့ရဲ့စကားတိုင်းက နိူင်းရဲ့သွေးဆူလွယ်တဲ့မာ
နတွေကိုလှုပ်နိုးပြီး အကြိမ်ကြိမ်ချိုးနှိမ်နေ
လေတော့တာ...ဒါဟာ နိူင်းကိုထိပါးစော်ကား
ပြီးခနဲ့ကာ အနိင်ယူအကျင့်ယုတ်နေတာနဲ့အ
တူတူပင်။

သူ့ကိုချစ်ဖို့မပြောနှင့် သူ့အပြုံးတွေကအစနိူင်း
အတွက်မုန်းစရာတစ်ခုလိုပင်။

"မင်း!!

တည်စေရာမိုင်ကို ရိုက်ဖို့အတွက်လက်လှမ်း
လိုက်ပေမဲ့ တန်ပြန်ချုပ်နှောင်ခြင်းကိုခံလိုက်ရ
တာမို့ နိူင်းပို၍ဒေါသထွက်မိကာ ချုပ်ထား
သည့်လက်ကိုရုမ်းကန်ရင်း ရုတ်ရင်းဆန်ခတ်
ဖြစ်နေလေတော့သည်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now