Chapter...40

26K 1.6K 52
                                    

အိမ်ရှေ့ တံခါးမကြီးဆီသို့ နိုင်း ခပ်သုတ်သုတ်လေးလျှောက်
ကာ တစုံတစ်ရာသို့ အလောတကော ရှာဖွေမိနေလေရဲ့။

အိမ်စေမလေးတွေက အနားကဖြတ်လျှောက်သွားသောသူ့ကို
အရိုအသေပေးတာကိုတောင် ဂရုမမူနိင်အား၊ဖေဖေရဲ့ BodyGuard တွေကလည်း စံအိမ်ကြီးဆီမှာထုံးစံအ
တိုင်းခြေကျင်းရှုပ်နေလေသည်။

"သခင်လေး ဘယ်သွားစရာရှိလို့လဲ"

မျက်လုံးဝိုင်းလေးတွေဝင့်ခနဲ့ တဖျတ်ဖျတ်လက်ကာ ဘေးဘီ
ဝဲရာသို့ ခေါင်းလေးစောင်းငဲ့ကြည့်နေတုန်း အနားသို့ရောက်
လာသော ဦးမောင်က အလိုက်တသိမေးလေ၏။

ဦးမောင်က နိုင်းရဲ့ပင်တိုင်ဒရိုင်ဘာမို့ နိုင်း အပြင်သို့သွားစရာ
ရှိသည့်ဟု ထင်သွားသည့်ပုံ။

မေးချင်စရာလည်းကောင်းသား။ ကိုယ်တိုင်ကလည်း ပုံစံကို
က အလောသုံးဆယ်ဖြစ်နေသည်မလား။

"ဟင့်အင်း နိုင်းဘယ်မှသွားစရာမရှိပါဘူး"

"ဟုတ်ကဲ့ သခင်လေး"

"ဟို..ဒါနဲ့"

ပြောလက်စ စကားကိုရပ်တန့်လိုက်ပြီး ခေါင်းလေးငုံ့ပြီးကာမှ

"တည်စေရာမိုင်....သူကော"

"သခင်မလေးနဲ့အပြင်ခဏလိုက်သွားတယ် သခင်လေး"

"ကျွတ်! ဘာလို့လိုက်သွားရတာလဲ"

"ကလေးက သူ့ကိုဘာလို့လိုက်ရှာနေတာလဲ၊ခိုင်းစရာရှိလို့
လား"

အနောက်က အသံကြောင့် တချက်လှည့်ကြည့်ကာ အလန့်
တကြားပင်ဖြစ်သွားရ၏။

"ကိုကို ဘယ်လိုလုပ်ရောက်နေပြန်တာလဲ"

"ကလေးက နှင်ချင်နေပြီလား"

"အဲ့သဘောမျိုးမဟုတ်ပါဘူး၊ နိုင်း ဒီနေ့မအားဘူးနော်ကိုကို"

"ကလေးဆီလာတာမဟုတ်ပါဘူး၊ ဖေဖေ့ဆီလာတာ"

"ဖေဖေ့ဆီဟုတ်စ"

နိုင်းဘက်က သိချင်ဇောနဲ့မေးပေမဲ့ ကိုကိုကခေါင်းတချက်သာ
ညိမ့်ပြပြီး အကြောင်းပြန်မလာ။ လက်ထပ်ဖို့ကိစ္စ ဖေဖေကိုအ
တင်းတိုက်တွန်းရင်တော့ နိုင်းကတော့ကိုနဲ့ခိုးရာလိုက်ပြေးဖို့
စဉ်းစားပြီးသား၊ နှစ်ဦးသဘောတူလက်ထပ်ပြီးသားမို့ နိုင်းတို့
ကိုဘယ်သူမှခွဲလို့ရမှာမဟုတ်ချေ။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now