Chapter...9

29K 1.9K 61
                                    

ဧည့်ခန်းဆိုဖာပေါ်၌ အငြိမ့်သား​ခြေချိတ်ထိုင်
၍ သုန်မှုန်နေသောမျက်နှာအမူ စိတ်အလိုမ
ကျမူတွေပေါ်လွင်နေသည့် နိူင်း...။

ဒီအချိန်ဆိုရင် သင်းပျံနေအောင်မွှေးတဲ့ပန်းအ
ဆီထည့်ထားသောရေနဲ့ရေချိုးပြီး အကောင်း
စားညဝတ်အင်္ကျီကိုဝတ်ကာ နူးညံအိစက်
လွန်းတဲ့ကုတင်ပေါ်မှာ ဇိမ်ကျကျလှဲလျောင်း
နေလေပြီ။

ဖြူနုသန့်ရှင်းတာမှကြိုက်တတ်သည့်နိူင်းရဲ့ခြေဖမိုးလေးတွေကအစ သွေးနုရောင်သန်း
လျက် နမ်းရှိုက်၍ပစ်မှားချင်စရာ...။

"ကျစ်!! မလာသေးဘူးလား...ဖေဖေလုပ်နေ
တဲ့ပုံကမဟုတ်သေးဘူးနော်"

စိတ်မရှည်တော့သည့်နိူင်းက ဒီထက်ပိုပြီးမ
စောင့်နိင်လေတော့...ဘယ်နှယ့် ဖေဖေကသူ
စိမ်းတစ်ယောက်ကိုခေါ်လာမည့်ကိစ္စက အခု
လိုအရေးကြီးခွင်ကျယ် စောင့်ခိုင်းနေစရာ
လား။

"သားနိူင်းရယ်.....သားဖေဖေကအကြောင်းကိ
စ္စရှိလို့စောင့်ခိုင်းတာနေမှာပါ.."

"ဟုတ်ပါတယ်မောင်လေးရယ်...မမတို့ခဏ
ထပ်စောင့်ကြတာပေါ့"

မေမေရဲ့ ပြောစကားကို မမတို့ကဝင်ထောက်
ခံပေးလေ၏။ နိူင်း စိတ်ထဲဘဝင်မကျစွာဖြစ်
လာမိ၏။ဒီလောက်အကြာကြီးစောင့်နေရတာ
ဖေဖေခေါ်လာမည့်လူက ဘယ်လောက်တောင်
ကြီးမြတ်နေလို့လဲ။

မေမေနဲ့မမတို့ကိုပါ ဧည့်ခန်းမှာစောင့်ခိုင်းတဲ့
အထိ ကြီးကျယ်မြင့်မြတ်နေတဲ့သူမို့လို့လား...

တောက်!စိတ်တိုလိုက်တာ....

ထိုင်နေရာမှ နိူင်းရုတ်တရက်ထထိုင်လိုက်ပြီး
ဒေါသထွက်နေတဲ့မျက်ဝန်းတွေဖြင့်စူးစိုက်
ကြည့်ကာ အောက်နှုတ်ခမ်းသားကိုလည်းခပ်
တင်းတင်းဖိကိုက်လိုက်ပြီး...

"မရတော့ဘူး.....နိူင်းဘယ်လိုမှသည်းမခံနိင်
တော့ဘူး....နိူင်းထက်ဘယ်လိုလူကအရေးကြီးနေလို့စောင့်ခိုင်းရတာလဲ.."

"သားနိူင်း....ဘာတွေဒေါသဖြစ်နေပြန်ပြီလဲ"

ထိုစဥ်.....ဧည့်ခန်းထဲသို့ဖေဖေဝင်လာလေ၏။
ကြည့်ရတာ နိူင်းစိတ်မရှည်တော့၍ ပြောသည့်
စကားများကိုကြားသွားခဲ့သည့်ထင်ပြီးမေးခြင်းပင်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now