Chapter...22

29.7K 1.8K 43
                                    

"သခင်လေး...ကျွန်မတို့ဝင်ခဲ့လို့ရပြီလားရှင့်"

နေ့တနေ့ရဲ့မနက်ခင်း အာရုံအလင်းရောင်နီ
ကျင့်ကျင့်က အခန်းထဲသို့ အလုအယက်တိုး
ဝင်လာစဥ်မှာပင် အခန်းအပြင်ကတံခါးခေါက်သံနှင့် အိမ်ဖော်အလုပ်သမားကောင်မ
လေးတွေရဲ့ ခွင့်တောင်းသံကြောင့် မျက်ဝန်း
များကိုညင်သာစွာဖွင့်ကာ ဘေးဘက်ဝဲရာအိပ်ယာခင်းဆီသို့ အသာငဲ့ငဲ့အကြည့်ကိုပို့
လိုက်၏။

အိပ်စက်သွားတဲ့အရာအယွင်းထင်းနေတဲ့
တွန့်ကျေနေသော အိပ်ရာခင်းနဲ့အတူ တစ်ကိုယ်တည်း နိုးထရပြန်တဲ့တစ်မနက်ခင်း။

သူ ဘယ်အချိန်ထသွားခဲ့တာများလဲ....။

လူသူမသိခိုးပေါင်းသင်းနေရတယ်ဆိုတဲ့အသိက သူ့ကိုယ်တိုင်ခွင့်ပြုထားတာပဲလား
ဟုတစ်ဆက်တည်း တွေးမိလိုက်စဥ်မှာအတွေးစတွေကို ခေါင်းထဲမှအမြန်မောင်း
ထုတ်ရင်းအဝေးသို့ လွင့်စင်ပြယ်ပျောက်သွားစေလေ၏။

တည်စေရာမိုင်က သူ့ကိုလုံးဝချစ်တာမဟုတ်
မာနကြီးတယ်ဆိုတဲ့သူကို အနိင်လိုချင်ရွေ့သာ အတင်းယူပစ်ခဲ့တာ..။

သူကိုယ်တိုင်ကလည်း မုန်း၍နေသေးတာပင်
မချစ်ပါပဲ နိင်ထက်စီးနင်းပြုမူချင်ရုံသက်
သက်ပင်။

"ဝင်လာခဲ့"

ညက ဟိုလူယုတ်မာရဲ့ ဆိမ့်ချက်တွေကြောင့်
စကားတောင် ပြောဖို့မနည်းအားယူနေရ
သည်...။

သူအရှုံးပေးတယ်ဆိုတာမသိအောင်သာအ
ပေါ်ယံဟန်ဆောင်၍ မဆိမ့်ဘူးဟု ဘူးခံငြင်း
ခဲ့ပေမဲ့ တော်တော်တော့ဆိမ့်သား...။

"နေဦး...အဲ့ဒါဘာလဲ"

နိူင်းရဲ့ မနက်အိပ်ရာထတဲ့ကိစ္စအဝဝကိုလုပ်
ကိုင်ဆောင်ရွက်ပေးရန် ဝင်လာကြသည့်အ
လုပ်သမားကောင်မလေးတွေက ထုံးစံအတိုင်းအလုပ်တာဝန်ကို ဆောင်ရွက်ရင်းအ
ခန်းသန့်ရှင်းရေးကို လုပ်ဆောင်နေစဥ်မှာ...

အိပ်ရာကုတင်ဘေးက စားပွဲပေါ်က စာရွက်
လိုလိုတစ်စုံတစ်ခုကို အမှိုက်ပုံးထဲပစ်ရန်လုပ်
နေစဥ် နိူင်းကအမြန်ဟန့်တားလိုက်၏။

ဒါနဲ့ဆို သူသတိထားမိသည်က နှစ်ခါ.....။

"ဘယ်ဟာကိုပြောတာလဲဟင်"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now