Chapter...33

26.1K 1.6K 54
                                    

"အကိုမိုင်"

အသံကြားရာသို့ ဖျတ်ခနဲ့ ခေါင်းစောင်း၍အ
ကြည့်ပို့မိလိုက်လေ၏။

မြင်လိုက်ရသည့်သူကို မထူးဆန်းလေတဲ့အ
ကြည့်မျိုးနဲ့စိုက်ကြည့်ကာ ဘာအကြောင်း
ကိစ္စရှိလို့လဲ ဆိုသည့်မျက်ဝန်းတွေဖြင့်သာ။

"လမင်းနဲ့စကားခဏပြောလို့ရမလား၊အကိုမိုင်အားမှပါ"

ဟု လမင်းက ရို့ကျိုး၍တည့်ငြိမ်တဲ့ကိုယ်ဟန်
အမူအရာဖြင့်ခွင့်တောင်းနေပေသည်။

ဘေးပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပြီး ခွင့်ပြုသည့်သဘောဖြင့်ခေါင်း
ငြိမ့်ပြလိုက်လေ၏။

သို့ပေမဲ့

ခပ်လှမ်းလှမ်းမှာပင် ရပ်၍သာ တဖက်ကပြောလာမည့်စကားကို နားထောင်နေပေသည်။အနားသို့တိုးကပ်ပြီးစကားပြောဖိူ့အရာကလည်း သူ့အနေနဲ့မသင့်တော်သလို
ချစ်ရသူလေးကလည်း ဒီလိုမြင်ကွင်းမျိုးကို
လည်းကြိုက်မှာမဟုတ်သည်ကိုသိထားသော
ကြောင့် ရှေ့တင်ကော၊ကွယ်ရာမှာပါ မလုပ်
သင့်ဟု စိတ်ထဲစွဲမှတ်ထားပါ၏။

ဒါမှလည်း လိပ်ပြာလုံမည်ဟုသတ်မှတ်ထား
သလို နိူင်းသူ့အပေါ်ငြိုငြင်တဲ့စိတ်မျိုးတစ်စိုး
တစ်စီမျှမရှိစေချင်။

"အကိုမိုင်မှာအိမ်ထောင်ရှိတယ်ဆိုတာတကယ်ပဲလားဟင်"

လမင်းရဲ့အမေးကို ဖြေကြားလျှောက်လဲရန်
ကပြာကယာရှင်းပြလိမ့်မည်ဟုထင်ထားခဲ့
ပေမဲ့ သူ့ကတော့ အေးဆေးတည်ငြိမ်တဲ့သာမာန်မထူးခြားနားတဲ့ အကြည်၊အမူအရာ၊စကားတွေနဲ့သာပြန်တုန့်ပြန်လာ၏။

ဒါဆို လမင်းသိခဲ့တဲ့အချက်အလက်တွေကမှန်နေသည်ပေါ့။

"လမင်းကြားထား၊သိမြင်လာရသမျှကအမှန်တွေချည်းပါပဲ"

"ဟုတ်နေသည်ပေါ့"

"အင်း...ကျွန်တော်မှာချစ်ရတဲ့သူရှိတယ်၊လက်ထပ်ထားပြီးသားအခြေအနေတစ်ခုမှာ
တည်ဆောက်ပြီးနေသလို တန်ဖိုးထားရတဲ့
အိမ်ထောင်ရေးကို အဆုံးရှုံးခံမှာမဟုတ်ဘူး"

တည်စေရာမိုင်ရဲ့ ပြတ်ပြတ်သားသားဖြေကြားမူရဲ့အဆုံးမှာ.သိသိသာသာပျက်ယွင်းသွားလေတဲ့ မျက်နှာလေးကဖျော့
တော့ညိုးငယ်စွာဖြင့် ခေါင်းလေးငုံ့သွားတာ
ကိုမြင်လိုက်ရ၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now