Chapter...5

31.5K 1.9K 29
                                    

ခြေလှမ်းရဲ့ဦးတည်ချက်လျှောက်ရာက ဘယ်
လမ်းချိုးမှာအဆုံးသတ်မယ်မှန်းမသိ..စိတ်ဦး
တည်ရာလျှောက်မိနေရာက ကောင်းကင်ပြာ
ကိုမော့ကြည့်လိုက် ခေါင်းငုံ့ကာနှုတ်ခမ်းလေး
ကွေးရုံတစ်ချက်တွန့်ချိုးပြုံးလိုက်နှင့် သာသာ
ယာယာ....။

ရာသီဥတုကလည်းသာယာနေပုံလည်းမဟုတ်
အုံမှိုင်းမှိုင်းခပ်ဆိုင်းဆိုင်းနှင့် လေပြေညှင်းခပ်
သွဲ့သွဲ့ကကျောပြင်ကို ပွတ်တိုက်မိချိန် အေး
စက်တဲ့အထိအတွေ့က ရင်ထဲသိမ့်ကနဲ့။ရောက်တတ်ရာရာ ရလိုရငြား သီချင်းအတို
အထွာတွေကို ရှေ့နောက်မညီ ခပ်တိုးတိုးရွတ်
ဆိုရင်း တိမ်လိပ်အနွယ်အရစ်တွေကိုမော့
ကြည့်ရင်းပေါ့။

ဖြတ်လျှောက်မိလာတဲ့လမ်းတွေရဲ့ဘေးတစ်
ဖက်တစ်ချက်ဆီက ဌက်ကလေးများရဲ့ အသံ
ဆာဆာလေးတွေကိုနားစိုက်ထောင်ရင်း ဘေး
နားအရှိန်နဲ့ဖြတ်သွားတဲ့ပြိုင်ကားလေးနှစ်စီး
ကို ကြည့်ကာ အားကျမိတဲ့စိတ်က ရင်ထဲအ
ပြည့်အသိပ်။

ပြိုင်ကားလှလှလေးတွေစီးပြီး ရင့်ကိုကော့
ခေါင်းကိုမော့လျက် သူများသားသမီးတွေလို
သုံးဖြုန်းနိင်ချင်သော်လည်းခက်တာက ကိုယ်
တိုင်ကညည်းညူနေရုံနဲ့ရလာတာမဟုတ် စိတ်
ဆန္ဒတွေကိုမြိုသိပ်ရင်း ကိုယ်ဘက်ဘယ်သူမှ
မရှိတောင်ခံသာပါတယ်ဆိုပြီး ရှိတဲ့စက်ဘီး
စုတ်လေးကိုပဲဖင်ပွန်းအောင်စီးရတဲ့အဖြစ်မ
ဟုတ်လား။

တဖြည်းဖြည်းလျှောက်မိလာတဲ့ခြေလှမ်းတွေ
က ကားဝပ်ရှော့တစ်ခုအနားအရောက်မှာ
တော့ ဘရိတ်အုပ်လိုက်သလိုရပ်တန့်သွား၏။

ဒီကားဝပ်ရှောဆိုင်လေးကဦးလေးရဲ့အသိမိတ်ဆွေရဲ့ဆိုင်...ဦးလေးဆိုတာကလည်း တည်
စေရာမိုင်ရဲ့ဦးလေးအရင်းဖြစ်သူဦးအောင်မင်းဖြစ်သည်။

သူဆိုးမိုက်တာမှန်သမျှ ဦးလေးကရှေ့ရောက်
တာနဲ့ တရားနဲ့တမျိုး ဥပမာနဲ့တမျိုးမရိုးရ
အောင်သွန်သင်ဆုံးမလမ်းမှန်ကိုကျောင်းခိုင်း
၏။ ဒီဝပ်ရှေ့ဆိုင်လေးမှာလည်း တည်စေရာ
မိုင်ကိုအတည်တကျအလုပ်နေရာတစ်ခုအနေ
နဲ့လုပ်ကိုင်ချင်နေတာလည်းဖြစ်သည်။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now