Intro

10.2K 422 4
                                    

မင်းသားဘဝကတည်းက ဆိုးတူကောင်းဖက် ပါရမီဖြည့်ခဲ့ပါသော ကြင်ယာတော်ဟာ
ရွှေနန်းကိုပိုင်စိုးပြီး ကောင်းစားတဲ့အခိုက်မှာတော့ မိဖုရားငယ်အဖြစ်ကိုသာ ရခဲ့ပါရဲ့....

အကြောင်းအရင်းကတော့ တစ်ခုတည်း ရွှေလင်ပန်းနဲ့အချင်းဆေး မင်းမွေးတဲ့ သမီးမဟုတ်လေတာကြောင့် တောင်နန်းမှာစံဖို့မထိုက်တန်.... မိဖုရားခေါင်အရာ မထားသင့်ပါဆိုသော မှူးကြီးမတ်ရာတို့ရဲ့ အဆိုကြောင့်ပင်

ငယ်ချစ်ထက် တိုင်းရေးပြည်ရေးကို ဦးစားပေးရလေသော ရေမြေ့အရှင်ဟာ ကြင်ယာတော်ကို စာနာသနားမိရုံကလွဲ၍ ဘာမျှမတတ်နိုင်...

မင်းသားငယ်ကို ဖွားမြင်လာတဲ့အခါမှာတော့...... ရာဇမာန်ပြင်းလေသော မိဖုရားခေါင်ရဲ့ အမျက်ကို စိုးရွံ့မိသဖြင့်  သားတော်အစား သမီးတော်သာဖွားမြင်ပါကြောင်း လိမ်လည်ခဲ့ရသည့် မိဖုရားငယ်

သားတော်အား အကာအကွယ်ပေးနိုင်ရန် ရေမြေ့အရှင်နှင့်တိုင်ပင်ကာ တပင်တိုင်မြနန်းနှင့်စံမြန်းစေခဲ့ပြီးမှ အရွယ်ရောက်လာချိန်မှာတော့... ချစ်ကြည်ရေးအလို့ငှာ  တိုင်းတစ်ပါးရဲ့ ဘုရင်ငယ်လေးဆီမှာ ဆက်သလိုက်ရသည့်အခါ

မင်းသားငယ်အကြောင်း သိပါလျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့ ဘုရင်လေးရယ်

တပင်တိုင်မြနန်းထက် ပလ္လင်ကိုသာ အုပ်စိုးလိုတဲ့ မင်းသားငယ်ရယ်......


Own universe ဆိုသော်ငြား  မှီငြမ်းမှုတွေပတော့ ရှိနေမှာပါ....

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now