2.5K 228 0
                                    

နဒီဝဠာတိုင်း၏ နန်းတော်အတွင်း နေရာတစ်ခုဝယ်  လူရွယ်တစ်ယောက် ဦးဆောင်လျက်  အချီတော် အချော့တော် ရံရွေတော်တို့   နန်းဆောင်အနှံ့ဖြန့်ကျက်ကာ  တစ်စုံတရာကို လိုက်ရှာလို့နေပေသည်။

ထဘီအနားစပင် မ မနိုင်ပါဘဲ  အလောတကြီးပြေးလာလေသော  မိန်းမပျိုက. လူရွယ်ရှိရာသို့လာရင်း  နှုတ်မှလည်း အော်ပြောလိုက်သည်။

" အကြီးတော်...  အရှင့်သား  မြစ်ဆိပ်ဘက် ထွက်သွားတာကို မြင်လိုက်တဲ့သူ ရှိပါတယ်တဲ့....   "

" ဘာ.... မြစ်ဆိပ်    မြန် မြန်... မြန်မြန်   နောက်ကလိုက်ကြစမ်းပါ  "

မိန်းမပျို၏စကားသံကြောင့်  အကုန်လုံးပင် ထိတ်လန့်သွားကာ မြစ်ကမ်းဘက်ဆီသို့  တဟုန်ထိုးပြေးသွားကြတော့သည်။ မပြေးလို့လည်း မဖြစ်ချေ။ အရှင့်သားကလေး တစ်စုံတရာထိခိုက်သွားပါက မိမိတို့ အသက်နဲ့ကိုယ်  အိုးစားကွဲပေလိမ့်မည်။ အလွန်တရာ အဆော့မက်ပါသည့် အိမ်ရှေ့စံကလေးသည်   အရှင်ဒတ္ထမင်း၏ တစ်ဦးတည်းသော နန်းဆက်ရင်သွေး ။

မြစ်ဆိပ်သို့ရောက်လျှင်ရောက်ချင်း  ဝါးတံတစ်ချောင်းဖြင့် ငါးမျှားနေလေသော အရှင့်သားကို တွေ့လိုက်ကြရသည်။ အနားတွင်လည်း ရွယ်တူကလေးများ ပတ်ချာဝိုင်းနေသည်။

" အရှင့်သား  အရှင့်သား   ငါးဟပ်နေပြီ ငါးဟပ်နေပြီ  ဆွဲလိုက်တော့ဘုရာ့ "

အရှင့်သားအပါးတွင် ခစားနေကျ ငယ်ကျွန်  စောလှက လောဆော်နေသည်။ အဝေးကမြင်နေရသည့် အကြီးတော်မှာ အူလျားဖာလျားပြေးလာကာ  အိမ်ရှေ့စံလေးကို ပွေ့ချီလိုက်ရသည်။

" အကြီးတော်ကြီး  လွှတ်စမ်းပါ   ဟိုမှာ ကိုယ်တော် ဖမ်းမိတော့မယ်   "

၆နှစ်အရွယ် အိမ်ရှေ့စံလေးဟာ အကြီးတော်၏ရင်ခွင်ထဲတွင် ရုန်းကန်လျက် အော်ဟစ်နေသည်။ဝါးတံလေးကိုကိုင်ထားသည့် စောလှလေးကမူ  အကြီးတော်၏စူးစူးရဲရဲအကြည့်ကြောင့် ခေါင်းကိုငုံ့ထားရှာသည်။

"  စောလှကို အပြစ်တင်နေစရာမလိုဘူး အကြီးတော်   ....   "

" အရှင့်သား ဘေးအန္တရာယ်မရှိအောင် ​စောင့်ရှောက်ရမှာ သူ့တာဝန်ပါဘုရား   "

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now