Extra

1.1K 108 6
                                    

"တိတ်စမ်းးး "

ရေ​​မြေ့အရှင်၏ မာန်ပါသော အသံဟာ ကျွက်ကျွက်ညံနေခဲ့သော ညီလာခံတစ်ခွင်အား မီးကိုရေနှင့်ငြှိမ်းလိုက်သလို တိတ်ဆိတ်သွားစေခဲ့သည်။ ပလ္လင်တော်ထက်မှ အရှင် သူရနရာဇ် ဟာ မေးရိုးများထင်းထွက်လာလေအောင် အံကိုကြိတ်ထားသဖြင့် အပါးမှာ စံမြန်းနေသည့်  မဏိသိင်္ဂမှာ အမောင့်ရဲ့ လက်ကို မသိမသာ ဆုပ်ကိုင်ရင်း အမျက်ကိုလျှော့ချစေဖို့ သတိပေးနေခဲ့သည်။

အစဥ်အလာအတိုင်းကျင်းပနေကျ ညီလာခံသဘင်ဝယ် မှူးမတ်များမှ တိုင်းပြည်ရေးရာအကြောင်း လျှောက်ထားနေစဥ် ရာသီဥတုမမှန်ကန်သဖြင့် သီးနှံထွက်နှုန်းလျော့ကျလာသည့်အကြောင်းအား လျှောက်တင်လာသည်။ အခွန်ဝန်မင်းမှ ရဲတင်းစွာဖြင့် လျှောက်ထားခဲ့သည်က ပြည်သူများထံတွင်ပျံ့လွင့်နေသည့် သတင်းစကားတစ်ခုပင်။

" တိုင်းပြည်တစ်ဝှမ်းမှ ပြည်သူအများဟာ ဥတုရာသီ မမှန်ကန်မှုကြောင့် သောကပွားနေရပါသည်ဘုရား  အချို့သော ကောလဟာလ သတင်းစကားများပင် ပျံ့နှံ့နေခဲ့ပါပြီ "

အခွန်ဝန်မင်း၏လျှောက်တင်စကားဟာ မည်သည်ကို ဦးတည်တော့မည်မှန်း ပလ္လင်ထက်မှ အရှင်နှစ်ပါးစလုံး ရိပ်မိကြပေမယ့် ဆက်လက်လျှောက်တင်ခွင့်ပြုလိုက်ရသည်။

"ဟုတ်သလား မင်းကြီးရဲ့ ဆိုစမ်းပါဦး  အဘယ်သတင်းများပါလိမ့်"

" အရှင့်ရဲ့နန်းသက် သုံးနှစ်မြောက်လာခဲ့သော်ငြား နန်းမွေဆက်ခံရန် ရင်သွေးမရှိ၊ ယခုတစ်ဖန် ဥတုကပါဖောက်ပြန်လေတော့  ပလ္လင်နှင့် မထိုက်တန်လေသော အရှင်မကြောင့်.... "

"တိတ်စမ်းးး"

ငြိမ်သက်သွားခဲ့သော ညီလာခံဝယ်  တည်ငြိမ်အေးဆေးနေခဲ့သူမှာ မိဖုရားခေါင်ကြီး မဏိသိင်္ဂီပင်။ အိမ်ရှေ့မိဖုရားဘဝကတည်းက ရင်သွေးမရရှိလေသော သူ့အား မှူးမတ်များက အမြင်မကြည်ခဲ့။ အမောင် နန်းတက်ပြီးနောက် ဆောင်ရနန်းရမိဖုရားများ မြှောက်တင်ခြင်းမရှိခဲ့သည်ကိုလည်း အလိုမကျနိုင်သည့် မှူးမတ်တွေပင်။ယခုတော့ ပြည်သူအားကို အသုံးပြုလျက် နန်းပလ္လင်ထက်မှသူ့အား ဆွဲချရန် ခြေလှမ်းစနေခဲ့လေပြီ။အမျက်တလူလူထနေသော အမောင့်အား နှစ်သိမ့်ပေးလိုက်ရင်း  ခစားလျက်ရှိသော မှူးမတ်များအား တစ်ချက်ကြည့်လိုက်သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now