" အရှင် ပဒုမမင်း နတ်ရွာစံသွားပါပြီ "
တော်ဝင်နန်းသုံး သမားတော်ကြီး၏ ကြေညာချက်နှင့်အတူ ရှိုက်သံသဲ့သဲ့က နန်းဆောင်တစ်ခုလုံး ဖုံးအုပ်သွားသည်။ မှူးမတ်ခြွေရံအကုန်လုံး ညှိုးငယ်ကာ ဝမ်းနည်းပူဆွေးလို့နေသည်။ ခါတိုင်း ဆူညံလှုပ်ရှားနေသော နန်းတော်ကြီးဟာ တိတ်ဆိတ်ခြောက်ကပ်လို့နေပေသည်။ ကင်းလှည့်နေ သော ရဲမက်တွေဟာလည်း တာဝန်ကျရာသာထမ်းဆောင်နေရသည်။ စိတ်နဲ့လူနဲ့မကပ်။ သလွန်တော်အပါးတွင် ဒူးထောက်ထိုင်ကာ ခစားနေသော အိမ်ရှေ့စံ သီဟသိင်္ဂ သည် မျက်ရည်တို့စီးကျနေရာမှ ရုတ်တရက် မယ်တော်မိဖုရားခေါင်ကြီးကို လှမ်းကြည့်လိုက်မိသည်။ မှိုင်တွေငေးမောနေသော မျက်နှာတော်ဟာ မျက်ရည်တော့ တစ်စက်မှမကျခဲ့ ။
" မယ်တော့်ရဲ့ အကြံအစည်တွေလား "
တောင်နန်းဆောင်အထိ လိုက်လာပြီး မေးမြန်းမိသောစကား။ သူ့အမေးကြောင့် မယ်တော်က လှည့်ကြည့်လာပြီး မဲ့ပြုံးတစ်ခုနှင့်ဆိုသည်။
" အရှင့်ရင်ထဲမှာ ငါဟာ ဘယ်တုန်းကမှ ရှိမနေခဲ့ဘူး အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့လေ ငါ့အမျက်တွေက ခုထိမပြေသေးဘူး သီဟသိင်္ဂ "
" မိဖုရားခေါင်ကြီး အနေနဲ့ မယ်တော့်ကို မြှောက်စားခဲ့တာပဲလေ ဘာတွေများ ထပ်လိုချင်နေတာလဲ မယ်မယ် မယ်တော်သာလောဘမကြီး အမျက်မကြီးခဲ့ရင် အခုလိုတွေ ဖြစ်လာခဲ့မှာမဟုတ်ဘူး "
မယ်တော်က တော့ သူ့စကားတွေကို နားဝင်ဟန်မတူ။ တစ်ပတ်လျှို ထုံးကာ ချထားသော ဆံစကို လက်ဖြင့်ပွတ်သပ်နေရင်းက ပြောလာသည်။
" ငါ့လို ထီးသွေးနန်းသွေးပါတဲ့ အရှင် မွေး သမီးတော်က အရာရာကို ပိုင်စိုးနိုင်ရမယ် ငါမပိုင်နိုင်ခဲ့ရင် အဲ့ဒီအရာကို ဘယ်သူမှ မပိုင်စေရဘူး ငါ့လက်နဲ့ပဲ ဖျက်စီးပစ်လိုက်မှာ "
" နှမတော် ပင်တိုင်စံက မယ်မယ့်အမျက်တွေ သင့်ဖို့ အကြောင်းမရှိဘူးလို့ ထင်မြင်မိပါတယ် ဘာ့ကြောင့်များ သူ့ကိုပါ ဒုက္ခပေးရတာလဲ "
သူ့အမေးကိုကြားတော့ မယ်တော်ကရယ်သည်။ ပြီးတော့ ရှုံ့ချသလို အကြည့်မျိုးဖြင့် ကြည့်ကာ
YOU ARE READING
တပင်တိုင်နန်း..စံမြန်းလေသူ _Completed
Historical Fictionအာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု