4.9K 270 2
                                    

မဟူရာရောင်တောက်နေသော ကျွန်းသားစံအိမ်တော် တစ်ခုအတွင်းရှိ သလွန်တော်ပေါ်ဝယ် နှုတ်ခမ်းမွှေးစစနှင့် လူရွယ်တစ်ဦး သက်တောင့်သက်သာ လဲလျောင်းလျက်ရှိနေလေသည်။ ခေါင်းအုံးကိုအမှီပြုလျက် လက်တစ်ဖက်ထောက်ကာ ခေါင်းကိုပင့်မထားရင်း အနားယူနေခိုက်  အပေါ်ဝတ်ဗလာဖြင့် အိမ်စေကျွန် တစ်ဦး ဒူးတုပ်ကာ အခစားဝင်လာသည်။

" မင်းသားကြီးဘုရာ့ အိမ်ရှေ့စံကိုယ်တော်ကြီးက အခစားဝင်ရန် စေခိုင်းလိုက်ပါသည် ဘုရား  "

မင်းသားကြီးဆိုသူသည် သလွန်တော်ပေါ်မှ အသာယာထလိုက်ကာ တစ်စုံတရာကို စဥ်းစားနေသည့်ဟန် တွေဝေနေသည်။  ထို့နောက်  ခြေရင်းရှိ အစေခံမိန်းမပျိုအား အမိန့်ပေးလိုက်သည်။

" ထိပ်ထားဆီ သွားပြီးလျှောက်တင်စမ်း  ကိုယ်တော်  နောင်တော်ကြီးဆီ အခစားဝင်ရမယ်လို့  "

အတွင်းဆောင်ဘက် ဝင်ရောက်သွားသော မင်းသားကြီးနောက်တော်ပါးသို့
ဒူးတုပ်ခစားနေသည့် လူရွယ်က ရိုရိုကျိုးကျိုးလိုက်ပါသွားကာ  ဝတ်ရုံတော် လဲလှယ်ရန်အတွက် ကူညီပေးရသည်။ လဲလှယ်ပြီး နောက် အိမ်တော်ထဲမှ ထွက်လာတော့  စီးတော်မြင်းကို ခြံဝန်းထဲမှာ အသင့်ပြင်ထားပေပြီ။  ဖြူဖြူနွဲ့နွဲ့ မိန်းမတစ်ယောက်က အခြွေရံ နှစ်ယောက်နှင့်အတူ မြင်းရဲ့နံဘေးမှာ ရပ်နေကြသည်။

" ကိုယ်တော်ကြီးက ဘာအတွက်ကြောင့်များ ဆင့်ခေါ်ရသလဲ မောင်ဘုရားရယ် "

သွယ်လျလျလက်အစုံဟာ စိတ်ပူပန်မှုရဲ့အကျိုးဆက်ကြောင့်ပင်  အချင်းချင်းလိမ်ယှက်ကာ ပွတ်သပ်နေမိသော ထိပ်ထား။  ရေမြေ့အရှင် နေထိုင်မကောင်းဖြစ်စကတည်းက နန်းတော်အတွင်းဝယ် အရှုပ်အထွေးတို့က စတင်စပြုခဲ့သည်မှာကြာပြီ။ ယခုရက်ပိုင်းအတွင်း မင်းမြတ်၏ကျန်းမာရေးဟာ ပိုမိုဆိုးရွားလာလေရာ မုန်တိုင်းရဲ့အရိပ်အယောင်တွေဟာ ရွှေနန်းတော်အတွင်း ထင်ဟပ်လာလေပြီ။ အိမ်ရှေ့ကိုယ်တော်က အခေါ်တော်လွှတ်လာသည့်အခါမှာတော့ ထိပ်ထားခမြာ ရတတ်မအေးဖြစ်ရပြီပေါ့။

"  သိပ်လည်း စိတ်ပူမနေပါနဲ့ ထိပ်ထား  ကိုယ်တော်  မကြာခင် ပြန်လာခဲ့မယ် "

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now