၁၈

2K 208 7
                                    

တောင်းဆုပြုခြင်းကိုမည်သည့်အခါကမှ မယုံကြည်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဆုတောင်းချင်မိသည်။ တစ်စုံတစ်ယောက်များ ဖြည့်စွမ်းပေးလေနိုင်မလား မျှော်လင့်ရင်းနဲ့ပေါ့ ။ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်တုန်လှုပ်နေလျက်က မြင်းကို ဒုန်းစိုင်းစီးလာခဲ့သည်မှာ မရပ်မနား။ စီးတော်မြင်းပင် မောဟိုက်ကာ ခရီးပန်းနေလည်း တစ်ထောက်မျှပင် အပန်းမဖြေဘဲ ခရီးဆက်ခဲ့သည်။ အကြိမ်ကြိမ် ရေရွတ်နေမိသော စကားက

'စုဖုရားလေး ဘေးကင်းပါစေ '

ဧကဝတ္တတိုင်း နှင့် လက်ဆက်ရမည့် ထိပ်စုမြတ်ဘုရား ကို အဖော်ပြုရင်း ထိုတိုင်းပြည်မှ မင်းသားနှင့်ပတ်သက်သည့် အကြောင်းအရာ များကို စုံစမ်းနေခဲ့သည်မို့ စုဖုရားလေးကို ခေါ်ဆောင်ရန် အထောက်တော်အဖွဲ့ကိုသာ စေလွှတ်မိခဲ့သည်။ ဒါသည်ပင် သူ့အမှား ။ လမ်းခရီးတွင် လုပ်ကြံသူအချို့နှင့်ဆုံကာ စုဖုရားလေး ပျောက်ဆုံးသွားသည်ဟူသော သတင်းစကားကို ရလျှင်ရချင်း စီးတော်မြင်းကို ထုတ်ကာ အပြေးနှင်ခဲ့သည်။ အနောက်မှ ဝရုန်းသုန်းကားနဲ့ လိုက်ပါလာသော ရဲမက်တွေကိုပင် အာရုံမထားနိုင်ခဲ့ ။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသည်နှင့်  အနီးနားကို ပတ်ရှာမိသည်။ မောကြီးပန်းကြီးရောက်ရှိလာသော ရဲမက်တွေကို  လူစုခွဲကာ ရှာဖွေရန်အမိန့် ပေးပြီးနောက် သူကိုယ်တိုင်လည်း တောနင်း ရှာသည်။

" ဘာပဲတွေ့တွေ့ သတင်းပို့ရမယ် "

" အမိန့်တော်အတိုင်းပါဘုရား  "

အပါးမှထပ်ချပ်မခွာလိုက်ပါလာသော စောလှက အဝတ်စတစ်ခုကို ဆွဲယူကာ  ဆက်သလာသည်။

" အရှင့်သား   "

ညစ်ပေနေသော အဝတ်စကို ကိုင်တွယ်ကြည့်မိတော့ 

" ဒါ စုဖုရားလေးရဲ့ ထဘီအနားစပဲ  ဒီလို အဝတ်မျိုးကို  သာမန်ပြည်သူတွေ မဝတ်ဆင်ကြဘူး   ရဲမက်တွေ  ဟောသည်အနားတစ်ဝိုက်ကို သေချာရှာကြစမ်း  "

" မှန်လှပါ "

အဝတ်စကို စောလှဆီပြန်ပေးလိုက်ပြီး   နှံ့နှံ့စပ်စပ် ရှာဖွေပြန်သည်။ ခပ်ဝေးဝေးမှ ပြေးလာသည့် ရဲမက်တစ်ယောက်က အမောတကောလျှောက်တင်လာသည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now